ပထမဦးဆုံး အထိအတွေ့လေးဆိုပေမယ့်
နှစ်ပေါင်းမျာစွာ ဆက်နွယ်လာခဲ့တဲ့ချစ်သူတွေလို
နက်နက်ရှိုင်းရှိုင်းနဲ့ မက်မက်မောမောယစ်မူးနေခဲ့မိသည်။လွတ်မပေးချင်မိအောင် စွဲလမ်းသွားစေတဲ့အရာက
မကြာခဏငေးကြည့်ခဲ့ရတဲ့ နှုတ်ခမ်းပြည့်ပြည့်လေးတွေပါပဲ ။ထင်ထားတာထက် ပိုပြီးအိစက်နေတာလေးတွေက
အမြဲတမ်းသိမ်းပိုက်ထားချင်မိအောင် နွေးထွေးနေခဲ့သည်.။ခါးလေးမှ ပင့်ဖက်ထားလိုက်ပြီး
ပါးပြင်လေးကို လက်တဖက်နဲ့အုပ်ကိုင်ကာ
နုညံ့မှုတွေဆီမှာ သူ့အချိန်တွေကိုမြှုပ်နှံထားမိစဥ်
ပူနွေးစိုစွတ်သွားတဲ့အထိအတွေ့ကြောင့် ဆွဲယူထားမိတဲ့
နှုတ်ခမ်းလွှာလေးတွေကို လွှတ်ပေးလိုက်မိလေသည် ...။" အင်း .. ဟင့် .."
သူ့အနမ်းတွေကလွတ်မြောက်သွားတာနဲ့
အရင်လို ရန်မတွေ့အားပဲ မောဟိုက်နေတာမို့
အမကြီးကိုကြည့်ကာ သနားသွားမိလေသည် ...။" အမကြီး .. "
" ........... "
နီးနီးကပ်ကပ်မြင်နေရတဲ့မျက်နှာလေးက
မျက်လုံးလေးတွေမှိတ်ထားပေမယ့် စီးကျနေတဲ့
မျက်ရည်တွေကတော့ အဆက်မပျက်ဖြစ်နေသည် ။ရင်ဘတ်လေးတွေမို့မောက်ပြီး
အသက်ကို ခပ်ပြင်းပြင်းလေးရှုရှိုက်နေတာမို့
အမကြီးအပေါ် သူလွန်သွားပြီဆိုတာ သိလိုက်ချိန်
ပုခုံးလေးမှဆွဲယူကာ ခပ်ဖွဖွလေးဖက်ထားလိုက်မိသည် ။" ဟင့် .. အင့် "
" မငိုပါနဲ့ဗျာ .."
" ........... "
" ကျွန်တော်က ချစ်လို့လေ .. နော် .."
" ............... "
ကလေးတယောက်ကိုချော့သလိုမျိုး
ဆံပင်လေးတွေကို ပွတ်သပ်ပြီးချော့နေပေမယ့်
ပုခုံးလေးတုန်အောင် ရှိုက်လိုက်ပြန်တာမို့ သူ့မှာ
ဘယ်လိုတောင်းပန်ရမှန်းမသိ ဖြစ်နေရတော့သည်။" အမကြီး .. "
" .............."
" ကျွန်တော့်ကိုကြည့်ပါဦး "
![](https://img.wattpad.com/cover/352656979-288-k231823.jpg)
YOU ARE READING
🌙 လရိပ်ညို 🌙
Romanceအချစ်မှာ အပေးအယူဆိုတာ မရှိဘူးကမ္ဘာရဲ့ ငါ ဒါပေးလို့ ဒါပြန်ရ,ရမယ်လို့လည်း မမျှော်လင့်ရဘူး အချစ်ဆိုတာ ကိုယ်ချစ်တဲ့သူ အဆင်ပြေပျော်ရွှင်နေတာကို ဘေးနားက ကြည့်နေခွင့် ရတာနဲ့လည်း အချစ်ဖြစ်တာပဲ ။ ကျွန်တော်ကတော့ အမကြီးလို မတွေးဘူး ကိုယ်ချစ်တဲ့သူ ကိုယ့်ကို...