Part 18

3.9K 68 2
                                    

နုညံ့ပြီး ခပ်နွေးနွေးအထိအတွေ့လေးက
ခုန်ပေါက်ယိမ်းထိုးနေတဲ့ သူ့စိတ်ရိုင်းတွေကို
တဖြေးဖြေးနဲ့ ​ငြိမ်သက်အေးချမ်းစေခဲ့ပါသည် ။

ခပ်ဖွဖွလေး တိုးဖက်ထားခွင့်ရပေမယ့်
လက်လွတ်လိုက်ရမှာကို စိုးထင့်သည့်အလား
တင်းကြပ်စွာနဲ့ အရူးအမူးပွေ့ပိုက်လိုက်သော်လည်း
အေးစက်မာကြောသည့် အထိအတွေ့တခုကြောင့်မို့
အသိစိတ်က အာရုံကိုပြန်ကပ်လာသည်။

" အာ့ .. အင်း ဟင်း .."

အခင်းအကျင်းမရှိတဲ့ကြမ်းပြင်ပေါ်မှာ
မှောက်လျှက်အနေအထားနဲ့ နိုးထလာခဲ့ကာ
ဇာတ်ပိုးတခုလုံး တောင့်တင်းနာကျင်နေတာမို့
ဦးခေါင်းကိုခပ်ဖြေးဖြေးထောင်ပြီး ပတ်ဝန်းကျင်ကို
အကဲခတ်လိုက်မိလေသည် ...။

" နိုးပြီလား .."

" ဟင် .."

လက်မောင်းတဖက်မှာတော့
ကြမ်းခင်းရာတွေက အစင်းလိုက်ထင်နေကျန်ပြီး
ထ,ထိုင်လိုက်ချိန်မှာ မြေကြီးထဲမှာထိုင်နေတဲ့ နေဖုန်းကို
တွေ့လိုက်ရလေသည်။

အမကြီး ။

အမကြီးဘယ်ရောက်သွားတာလဲ ။

ပြေလျော့ကျနေသည့်ပုဆိုးကို
လက်တဖက်နဲ့ကိုင်ကာ တဲအတွင်းကို
ကျီးကန်းတောင်းမှောက် လိုက်ကြည့်မိလေသည်။

အမကြီး ။

သူ့စီကို အမကြီးရောက်လာတာမဟုတ်ဘူးလား ။

ရင်ခုန်နေတာတွေက အခုထိလတ်ဆတ်နေဆဲပေမယ့်
အထိအတွေ့တွေက ဝိုးတဝါးနဲ့ အိမ်မက်လိုဖြစ်နေသည် ။

" သေလည်းသေနိုင်လွန်းတယ်နော် မင်း "

" ဟမ် .. "

" နာရီလည်းကြည့်အုံး မိုးချုပ်တော့မယ်
အမူးပြေပြီဆိုရင်လည်း ပြန်ကြမယ် လုပ် .."

တဲအတွင်းထဲမှာ ဘာသဲလွန်စမှ မကျန်အောင်
နေဖုန်းက အားလုံးကိုရှင်းလင်းထားလေသည် ။

ဘီယာပုလင်းတွေ ဘူးခွံတွေဆိုတာ
ဘာတခုမှမကျန်ဘဲ သန့်ရှင်းသပ်ရပ်နေသည် ။

သူ့အရင်နိုးနှင့်နေသည့်နေဖုန်းက
သူနိုးလာမယ့်အချိန်ကိုစောင့်နေပုံရပါသည် ။

🌙 လရိပ်ညို 🌙 Where stories live. Discover now