ကိုယ်ဝန် ။
သားရဲ့ရင်သွေးလေးမို့
ဒီကလေးက သူ့မြေးဖြစ်လာမယ့်ကလေး ။ဘယ်လိုလုပ်ရမလဲ ။
သားကိုပဲ ရိုက်သတ်လိုက်ရမလား
လရိပ်ညိုဆိုတဲ့ကလေးမကိုပဲ အပြစ်တင်ရမလား ။ဦးနှောက်မရှိကြတဲ့ကလေးတွေပါပဲလား ။
အသိပညာမရှိဘူးပြောရအောင်ကလည်း
လရိပ်ညိုဆိုတာ သူနာပြုဖြစ်လာမယ့်မိန်းကလေး ။အခြေခံသဘောတရားလောက်ကိုတော့
ဒီကလေးမ နားလည်ထားရမှာမဟုတ်ဘူးလား ။ကျွတ် ။
ဒီကိစ္စကိုသာ ကေကေသိသွားရင်
ဘယ်လောက်အထိတောင် ရင်ထုမနာဖြစ်လိမ့်မလဲ ။ဒီလိုတွေဖြစ်မှာစိုးလို့
သူ့ခမျာလည်း အရိပ်တကြည့်ကြည့်လုပ်ခဲ့ပေမယ့်
အခုတော့ တူတော်မောင်က လုပ်ချလာခဲ့လေသည် ။သားကလည်း မနက်ဖြန်ဆိုရင်
UKကိုသွားရဖို့ အဆင်သင့်ဖြစ်နေခဲ့ပြီ ။သားလေးသာ ဒီကိစ္စကိုသိရင်
သားရဲ့အနာဂါတ်က ဘယ်လိုတွေဖြစ်လာနိုင်မလဲ ။ဆယ်ကျော်သက်အရွယ်လေးနဲ့
သားလေးက ကလေးအဖေဖြစ်ရတော့မယ် ။အဖြစ်ခံလို့ဖြစ်ပါ့မလား ။
ဘယ်လိုလုပ်ပေးရမလဲ ။
လရိပ်ညိုဆိုသည့်မိန်းကလေးကိုရော
ဘယ်လိုပြောပြီး ဘယ်လိုတာဝန်ယူပေးရမလဲ ။မိုက်လိုက်ကြတဲ့ကလေးတွေပါလားနော် ။
" ............ "
ဦးမင်းတင်ထွဋ်မှာ
မိဘတယောက်ရဲ့သောက,အတ္တအပူတွေနှင့်
ရှုပ်ထွေးမွန်းကြပ်နေခဲ့လေသည် ။" ................... "
အားအင်ပြည့်စွာ နိုးထလာရသည့်မနက်ခင်းတခုက
ကြည်လင်လန်းဆန်းနေခဲ့ပေမယ့် မောင့်အိမ်မှာပါလားလို့
သတိရလိုက်တဲ့အချိန်မှာဘဲ ရင်ထဲမှာလှုပ်ရှားသွားရသည်။အိပ်နေရာမှ ငေါက်ခနဲ ထ,ထိုင်လိုက်မိပြီး
ဘေးနေရာကို လက်နှင့်စမ်းကြည့်လိုက်တော့
နွေးနေသေးတာမို့ မောင်ထ,သွားတာမကြာသေးမှန်း
သထိထားလိုက်မိလေသည် ။

أنت تقرأ
🌙 လရိပ်ညို 🌙
عاطفيةအချစ်မှာ အပေးအယူဆိုတာ မရှိဘူးကမ္ဘာရဲ့ ငါ ဒါပေးလို့ ဒါပြန်ရ,ရမယ်လို့လည်း မမျှော်လင့်ရဘူး အချစ်ဆိုတာ ကိုယ်ချစ်တဲ့သူ အဆင်ပြေပျော်ရွှင်နေတာကို ဘေးနားက ကြည့်နေခွင့် ရတာနဲ့လည်း အချစ်ဖြစ်တာပဲ ။ ကျွန်တော်ကတော့ အမကြီးလို မတွေးဘူး ကိုယ်ချစ်တဲ့သူ ကိုယ့်ကို...