Part 39

5.5K 83 7
                                    

ငြိမ်သက်နေသည့်မျက်လွှာလေးကို
ကြည့်နေရင်းနှင့်ဘဲ မြတ်နိုးလွန်းရတာကြောင့်
နှုတ်ခမ်းတွေနဲ့ ခပ်ဖွဖွလေးနမ်းရှိုက်လိုက်ပေမယ့်
အမကြီးကတော့ဖြင့် ပင်ပန်းခဲ့သမျှတွေအပန်းဖြေရင်း
မလှုပ်မယှက် ငြိမ်သက်စွာအိပ်ပျော်နေဆဲဖြစ်လေသည်။

မျက်နှာလေးပေါ်ကို အနည်းငယ်ပြိုဆင်းကျနေသည့်
ဆံနွယ်နုနုလေးတွေကို လက်ညှိုးနှင့်သပ်တင်ပေးရင်း
ခပ်မို့မို့ပါးပြင်လေးကိုလည်း အသာအယာနမ်းလိုက်မိသည်။

မိုးထိန်ထိန်လင်းနေတာသိပေမယ့်လည်း
ငွေရောင်လိုက်ကာတွေကို မဖယ်ရှားသေးဘဲ
အမကြီးကိုရင်ခွင်ထဲ၌ထည့်ကာ ကြည်နူးနေမိသည်။

ပုခုံးလေးကိုတချက်ဖျစ်ညှစ်လိုက်ပြီး
ဦးခေါင်းလေးကိုအသာမ,ကာ သူ့ရင်ဘတ်မှာ
ခပ်တင်းတင်းလေး ဖိကပ်ထားလိုက်တော့မှဘဲ
အမကြီးထံမှ ညည်းသံသဲ့သဲ့ကလေးထွက်လာသည် ။

" အင်း .. ကျွတ် ကျွတ် .."

" မောင့်လရိပ်လေး နိုးပြီလား .."

ခပ်ခြောက်ခြောက်ပွင့်လာတဲ့မျက်ဝန်းလေးတွေက
ပတ်ဝန်းကျင်ကိုအသားမကျသေးသလို ငေးရီနေရာမှ
ဆတ်ခနဲတချက်တုန်သွားပြီး ထ,ထိုင်လေသည် .. ။

" အာ့ ကျွတ် "

မွေ့ယာပေါ် လက်လေးတဖက်ထောက်ပြီး
ကျန်တဖက်က နားထင်လေးကိုဖိလိုက်ကာ
ညည်းညူလိုက်တာမို့ သူ့မှာ စိတ်ပူသွားရသည် ။

" ဖြည်းဖြည်းလေ လရိပ်ရဲ့ ..."

" ဟင် .. "

" အဆင်ပြေရဲ့လား
ဘယ်နားက နာနေသေးလဲ "

" အို .. မောင် .."

" ဘာဖြစ်လို့လဲလရိပ်ရယ် "

" မဟုတ်ဘူး .. သား .. သားသား
​ဒီနေ့ လရိပ်တို့ရွာပြန်ရမှာလေမောင်ရဲ့
နောက်ကျနေပြီထင်တယ် ဒုက္ခပါဘဲ "

ဖရိုဖရဲဖြစ်နေသည့်ဆံပင်လေးတွေကို သပ်တင်ပြီး
မွေ့ယာကြီးကိုလက်နဲ့စမ်းပြီး သားကိုရှာနေလေသည် ။

" သားက နိုးနေပြီလရိပ်ရဲ့
အောက်ထပ်မှာ ဒယ်ဒီနဲ့မနက်စာစားနေပြီ ..
ဒီနေ့တော့ လရိပ်ရွာကိုပြန်လို့အဆင်ပြေမှာမဟုတ်ဘူး
ဒယ်ဒီကလည်း မနက်မှပြန်ခိုင်းလိုက်တော့တဲ့ .."

🌙 လရိပ်ညို 🌙 Where stories live. Discover now