Part 20

1.8K 37 1
                                    

" အဆောင်က လူပြည့်နေပြီလရိပ်ရဲ့
ပင်မ/တိုးချဲ့ campus ၂ ခုစလုံးမှာရော .."

" ဟင်း .. စိတ်ညစ်ပါတယ်ယုရယ်
အဲ့ဒါဆို အပြင်ဆောင်ပဲ ရှာရတော့မှာပေါ့ ."

" နင်တကယ် အဆောင်မှာနေတော့မလို့လား .."

" အင်း .. "

" လကုန်ရက်မဟုတ်တော့ လွယ်ပါ့မလား
ဒီအနီးတဝိုက်မှာကလည်း သူ့ဟာနဲ့သူပြည့်နေတာ .."

" ရှာကြည့်ရမှာပေါ့ယုရယ် .."

မောင့်အိမ်မှာ မနေတော့ဖို့ဆုံးဖြတ်ပြီးတာမို့
ကျောင်းကိုရောက်တာနဲ့ ယုယကိုအကူအညီတောင်းပြီး
အဆောင်ကိစ္စကို စုံစမ်းရတော့သည် ။

ဟိုအရင်ကတည်းက နေဖို့စဥ်းစားဖူးပေမယ့်
မောင့်ကိုငဲ့ညှာပြီး မနေဖြစ်ခဲ့ပေမယ့် အခုတော့
မောင့်ကြောင့်မို့ပဲ အဆောင်နေဖို့စဥ်းစားရပြန်သည် ။

ဖြစ်ခြင်းပျက်ခြင်းအားလုံးက
မောင်နဲ့သာသက်ဆိုင်နေပေမယ့် မောင်ကတော့
ဒီကိစ္စကို ဘယ်လိုပေါက်ကွဲဦးမည်မသိပေ ...။

ရုပ်ရှင်တွေထဲမှာလို မောင့်မိသားစုက
လရိပ်ညိုကို ရိုက်လားနှက်လား မလုပ်သော်လည်း
သူတို့တွေရဲ့စကားလုံးတိုင်းက ရိုက်တာထက်နာဖို့ကောင်း၏။

အညင်သာဆုံးသုံးနှုန်းသွားပေမယ့်
အဓိပ္ပါယ်ချင်းကတော့ အတူတူပဲဖြစ်နေသည် ။

" စိတ်မပူပါနဲ့လရိပ်ရယ်
ဒီလကုန်အထိတော့ နင်တယောက်ထဲနေပေါ့
နောက်လက,စပြီး ငါနင်နဲ့လာနေပါ့မယ်ဟာ ..."

" ရပါတယ်ယုရယ်
လရိပ်တယောက်ထဲလည်း အဆင်ပြေပါတယ် "

" အဲ့ဒီအိမ်မှာ ဘာပြဿနာဖြစ်လို့လဲလရိပ် "

" မဖြစ်ပါဘူးယုရဲ့
လရိပ်က ဒီအတိုင်း ခွဲထွက်ချင်လို့ "

" နင့်ကောင်လေးက မတားဘူးလား .."

လရိပ်နဲ့မောင့်အကြောင်းကို
လရိပ်အနည်းအကျဥ်းပြောပြထားတာမို့
ယုယကလည်း သိသင့်သလောက်သိနေလေသည် ။

မောင် ရွာကိုလိုက်လာပြီး
လရိပ်နဲ့ချစ်သူတွေဖြစ်သွားကြပြီဆိုတာကို
ယုယသိတော့ ဝမ်းသာသံကြီးနဲ့ ဂုဏ်ပြုရှာသည် ။

🌙 လရိပ်ညို 🌙 Where stories live. Discover now