Part 12

2.2K 69 5
                                    

" သားရေ သွားကြမယ်လေ .."

" ခဏလေးတီငယ် .. အမကြီးဆီခဏသွားမလို့ "

ကျောင်းသွားဖို့အတွက် အဆင်သင့်ဖြစ်နေကာမှ
နောက်ကြောင်း ပြန်လှည့်ချင်နေတဲ့ မင်းကမ္ဘာကို
ကေသရီကလည်း မကြည်သလိုလေးကြည့်လာသည် ။

လရိပ်ညိုဆီကို သွားဦးမယ်ဆိုတာကြောင့်
အလိုမကျပေမယ့် တားလို့မရမှန်းလည်းသိနေသည်။

" ဘာသွားလုပ်မှာလဲသားရဲ့
စာ​ဖြေချိန်နောက်ကျနေပါဦးမယ်သားရယ် .."

" ခဏလေးပါတီငယ်ရ .. မကြာပါဘူး
အမကြီးဆီမှာ တောင်းစရာလေးရှိလို့ .."

" အို ဟဲ့ ..
ဒီကောင်လေးနဲ့တော့ ခက်တာပဲ .."

ပွစိပွစိလုပ်နေတဲ့တီငယ့်ကို ကျောခိုင်းပြီး
အမကြီးရဲ့အခန်းဆီကို ပြေးလာခဲ့မိလေသည် ။

ပထမဦးဆုံးစာဖြေရက်မို့
စိတ်လှုပ်ရှားနေမိသလို ရင်လည်းခုန်နေသည် ။

ဒီစာမေးပွဲကြီးပြီးသွားရင်
အမကြီးထံက လိုချင်တာတွေလည်းရှိသလို
ကိုယ်လုပ်ချင်တာတွေကိုလည်း လုပ်ခွင့်ရတော့မှာမို့
တွေးကြည့်ရုံနဲ့တင် အပျော်လွန်နေခဲ့ရလေသည် ။

မီးဖိုခန်းထဲမှာ ကြီးချိုတယောက်ထဲသာရှိတာမို့
အမကြီးရဲ့အခန်းတံခါးကို ခေါက်လိုက်မိသည် ။

" .............. "

" အမကြီး .. တံခါးဖွင့်ပေးဦး .. ကျွန်တော်ပါ "

မင်းကမ္ဘာ အသံပြုလိုက်ပြီးခဏအကြာ
တံခါးပွင့်သွားပြီး သနပ်ခါးလေးလိမ်းခြယ်ထားတဲ့
မွှေးမြတဲ့မျက်နှာလေးကို မြင်တွေ့လိုက်ရလေသည် ။

အဖြူရောင် ရင်စေ့လက်တိုလေးကို
အညိုရောင်ထမီလေးနဲ့ တွဲဝတ်ထားတာမို့
မြင်နေကျမဟုတ်တဲ့ အမကြီးရဲ့ပုံစံလေးက
ဥပုတ်စောင့်သွားမယ့် ယောဂီလေးလိုဖြစ်နေသည် ။

ခပ်ထင်းထင်းလေးမြင်နေရတဲ့
ပါးကွက်ကြားလေးကိုစိုက်ကြည့်လိုက်မိတော့
အမကြီးက မသိမသာလေးမျက်စောင်းထိုးလာသည် ။

" ကမ္ဘာ .."

" အင်း .. "

" သွားတော့မှာမို့လား .. နောက်ကျနေဦးမယ်လေ .."

🌙 လရိပ်ညို 🌙 Место, где живут истории. Откройте их для себя