" ကဲ ရောက်လာပါပြီ ဒို့ရဲ့စီနီယာမမကြီး .."
တုံကင်ယူပြီးစောင့်နေတဲ့ လူနာအနည်းစုကို
ပြုံးပြနှုတ်ဆက်ရင်း အထဲကိုရောက်လာတော့
နေပိုင်နဲ့စကားပြောနေတဲ့ယုယကို တွေ့လိုက်ရတာမို့
လရိပ်ညိုမှာ ပြောမပြတတ်အောင် ဝမ်းသာသွားရလေသည်။" ဟယ် .. ယု
ဒီကိုရောက်နေတယ် ကြည့်စမ်း
လာမယ်ဆိုတာကို ဘာလို့ဖုန်းမဆက်တာလဲ .."" အစီအစဥ်မရှိဘူးလရိပ်ရဲ့
ဆေးခန်းအတွက် ဆေးလာထုတ်ရင်းနဲ့
စိတ်ကူးပေါက်တာနဲ့ ဒီကိုလာခဲ့တာလေ ..."" အဆင်ပြေရဲ့လား ဆေးခန်းက
ဆေးလာထုတ်တာကရော တယောက်ထဲလား .."" သတို့သားလောင်းပါတယ်လေ .. ဟိုမှာ .."
" အယ် .."
လူနာစမ်းသပ်ကူတင်ထောင့်စွန်းနားမှခုံမှာ
ထိုင်နေတဲ့လူတယောက်လုံးကို ယုယပြတော့မှဘဲ
လရိပ်ညိုမှာ သတိထားမိတော့သည် ...။အနေအေးပုံရသည့် ယုယသတို့သားလောင်းက
ပြုံးပြနှုတ်ဆက်ပြီး ဖုန်းကိုသာပြန်ကြည့်နေသည် ..။" ငါတို့တွေ မတွေ့ရတာကြပြီ
လရိပ် နေ့လယ်ကျရင်ငါတို့ပြန်လာခဲ့မယ်
အဲ့ဒီတော့မှ အေးအေးတေးဆေးတွေ့ကြမယ်ဟာ
အခုက ဆေးရုံမှာဆေးသွားထုတ်ရဦးမှာ .. နင်တို့လည်း
အပြင်မှာလူနာတွေက စောင့်နေပြီ အားနာစရာကြီး .."" အေးပါ အဲ့ဒါဆိုလည်း နေ့လည်ကျမှတွေ့မယ်လေ .."
ယုယက မျက်နှာလေးတွေ့ပြီးတာနဲ့ ပြန်ဖို့ပြင်သလို
လရိပ်ညိုလည်း အပြင်ထိ လိုက်ပို့လိုက်သည် ...။" လရိပ် ..."
" ဟင် ..."
" ငါနင်နဲ့တွေ့ချင်နေတာဟာ
ဖုန်းထဲမှာပြောရတာလည်း အားမရဘူး
နင်အခု နင့်ကောင်လေးအိမ်မှာဘဲလား
ကလေးကိစ္စရော အဆင်ပြေသွားပြီလား
သားလေးကိုလည်း တွေ့ဖူးချင်လိုက်တာဟာ
ကျောင်းတက်နေပြီဆိုတော့ လည်နေပြီပေါ့ .."ယုယက အပြင်ရောက်တာနဲ့
သူ့သတို့သားလောင်းမကြားအောင်
စကားကို ခပ်တိုးတိုးလေးပြောပြီး စပ်စုလာသည် ။

ESTÁS LEYENDO
🌙 လရိပ်ညို 🌙
Romanceအချစ်မှာ အပေးအယူဆိုတာ မရှိဘူးကမ္ဘာရဲ့ ငါ ဒါပေးလို့ ဒါပြန်ရ,ရမယ်လို့လည်း မမျှော်လင့်ရဘူး အချစ်ဆိုတာ ကိုယ်ချစ်တဲ့သူ အဆင်ပြေပျော်ရွှင်နေတာကို ဘေးနားက ကြည့်နေခွင့် ရတာနဲ့လည်း အချစ်ဖြစ်တာပဲ ။ ကျွန်တော်ကတော့ အမကြီးလို မတွေးဘူး ကိုယ်ချစ်တဲ့သူ ကိုယ့်ကို...