Part 40

3.7K 106 4
                                    

" ဦးနေ .. "

" အေး "

" သားသားတို့အိမ်မှာ အလှူလုပ်မလို့လားဟင် "

မနက်မိုးလင်းကတည်းက
ခြံထဲမှာ ချက်ကြပြုတ်ကြနှင့် အလုပ်ရှုပ်နေတာမို့
သားလေးက နေဖုန်းရဲ့လက်ကိုဆွဲပြီးမေးလာသည် ။

သားလေးမေးလည်း မေးချင်စရာပင် ။

ရွာမှာရှိသည့်အမျိုးသမီးတချို့က
ချက်ပြုတ်ရေးပိုင်းမှာ ကိုယ်စီတာဝန်ယူနေကြသလို
အဖေ့မိတ်ဆွေများကလည်း နေရာထိုင်ခင်းအတွက်
ဝါးခုတ်သူကခုတ် တိုင်ကျဥ်းတူးသူက တူးနေကြသည်။

နေဖုန်းကတော့ မာနလေးပိုက်ပြီး
ယောင်လည်လည်နှင့်သာ အချိန်ကုန်နေသည် ။

" အလှူမဟုတ်ပါဘူးဘုန်းလေးရယ်
မင်းအဖေနဲ့အမေ မဂ်လာဆောင်ကြမလို့တဲ့လေ .."

" မဂ်လာဆောင်မယ် ဟုတ်လားဦးနေ
အဲ့ဒါဆိုရင် သားသားက ပန်းကြဲရမှာပေါ့နော် .."

" ဟမ် .. မင်းကိုဘယ်သူပြောတာလဲ .."

" ဖေဖေပြောတာလေ ..
ဖေဖေနဲ့မေမေက မဂ်လာဆောင်မှာတဲ့
မဂ်လာဆောင်ရင် သားသားက ဖေဖေတို့ရှေ့မှာနေပြီး
ငွေဖလားကြီးထဲကိုပန်းတွေထည့်ပြီး ကျဲရမှာတဲ့လေ .."

" အဲ့ဒါ မင်းအဖေ သပ်သပ်ဖင်ယားနေတာ ဘုန်းလေးရဲ့ .."

" ဖေဖေဖင်ယားတာကို ဦးနေဘယ်လိုသိလဲ .."

နေဖုန်းမှာ ပတ်ခနဲပြန်မေးလိုက်သည့်ဘုန်းလေးကြောင့်
ရုတိတရက် ဘာပြန်ပြောရမှန်းမသိဖြစ်သွားရလေသည်။

ဒီကောင်က စကားတခွန်းကို
ဘယ်လိုတန်ပြန်ထိုးနှပ်ရမလဲဆိုတာသိတဲ့ကောင် ။

" ဟာ့ ဥာဏ်ဘုန်းဆင့်သာရေ
ငါက စကားအဖြစ်ပြောတာလေကွာ
မင်းအဖေဖင်ယား မယားတော့ မင်းအမေဘဲသိမှာပေါ့.."

နေဖုန်းလည်း ကပ်သီးကပ်သပ်နိုင်လှသည့်
ဥာဏ်ဘုန်းဆင့်သာဆိုသော တူတော်မောင်ကို
စိတ်ပေါက်ပေါက်နှင့် ပြောချပြစ်လိုက်မိလေသည် ။

" ဖေဖေက ဖင်ယားတာမဟုတ်ပါဘူး
ဖေဖေကလေ မေမေ့ကိုအရမ်းချစ်တာဦးနေရဲ့
သားသားကိုလည်းဖေဖေကသိပ်ချစ်တာ ဦးနေမသိလို့ "

🌙 လရိပ်ညို 🌙 Where stories live. Discover now