" ဂလုန်း .. "
" ဒုန်း .. "
" အာ့ .. သေပြီ .."
သတိထားပြီး ပြန်လာခဲ့တာတောင်မှ
အိမ်ထဲဝင်လိုက်တာနဲ့ ခုံတလုံးနဲ့ဝင်တိုက်မိလေသည်။ခြေသန်းလေးတဖက်က
ကျိုးသွားသလို နာကျင်သွားရတာမို့
ခြေထောက်ကို ထောက်ကြွထောက်ကြွလုပ်ရင်း
အိမ်ထဲကို ဝင်လာခဲ့တော့ တီငယ်နဲ့တိုးလေသည် ။" ဟယ် .. သားလေး
စိတ်ပူနေတာသားရယ် ဘာလို့အခုမှပြန်လာတာလဲ "" သား ရှိုင်းတို့အိမ်မှာပဲ နေတာပါ .."
တီငယ်က အနားကိုရောက်လာပြီး
မင်းကမ္ဘာရဲ့လက်ကို ဆွဲကိုင်လိုက်တော့
မကောင်းတဲ့အနံ့အသက်ကို ခံစားမိသွားပုံပေါ်၏.. ။နှာခေါင်းလေးကိုရှုံ့ပြီး
သူ့မျက်နှာကို စိုးရိမ်မကင်းမော့ကြည့်လာသည် ။ထိုအချိန်မှာပဲ ဒယ်ဒီကအနားကိုရောက်လာပြီး
မင်းကမ္ဘာကို စူးစိုက်ပြီးကြည့်လာလေသည် ...။" မင်းကမ္ဘာ .. မင်း ဒါ ဘာအချိုးတွေချိုးလာတာလဲ .."
" သား ဘာချိုးလို့လဲဒယ်ဒီ .. "
" တောက် .. မင်း .."
" ဖြောင်း .."
" အာ့ .."
ရုတ်တရက် နားရင်းကို ဖြတ်ရိုက်ခံလိုက်ရတာမို့
ဆံပင်တွေပါ ဖွာထွက်သွားကာ လူက မဟန်နိုင်ပဲ
ကြမ်းပြင်ပေါ်ကို ဖင်ထိုင်လျက် လဲကျသွားလေသည် ။" အမလေး အကိုကြီးရဲ့ မလုပ်ပါနဲ့
သားလေးကိုမလုပ်ပါနဲ့အကိုကြီးရယ်
ပါးစပ်နဲ့ပြောပါ လက်တွေမပါ ပါနဲ့ .. သား
သား ဘယ်လိုဖြစ်လာတာလဲသားရယ် အဟင့် သားရယ် "" ဖယ်စမ်း ကေကေ
ဒီကောင် ဘာအချိုးချိုးနေတာလဲ နင်သိလား
ခွေးဖြစ်ချင်နေတဲ့ကောင် ခွေးဖြစ်ချင်နေတာ .."ကြမ်းပြင်မှာ လဲကျသွားတဲ့အတိုင်း
ဒူးတဖက်ထောင်ပြီး ထိုဒူးပေါ်ကို လက်တင်ကာ
အကြည့်တွေက ထီမထင်ပုံစံမျိုးတွေနဲ့ဖြစ်နေသည် ။တီငယ်ကတော့ လဲကျသွားတဲ့သူ့ကို
ပွေ့ချီတော့မလို ဘေးနားမှာ ပြာယာခတ်နေရှာသည် ။
CZYTASZ
🌙 လရိပ်ညို 🌙
Romansအချစ်မှာ အပေးအယူဆိုတာ မရှိဘူးကမ္ဘာရဲ့ ငါ ဒါပေးလို့ ဒါပြန်ရ,ရမယ်လို့လည်း မမျှော်လင့်ရဘူး အချစ်ဆိုတာ ကိုယ်ချစ်တဲ့သူ အဆင်ပြေပျော်ရွှင်နေတာကို ဘေးနားက ကြည့်နေခွင့် ရတာနဲ့လည်း အချစ်ဖြစ်တာပဲ ။ ကျွန်တော်ကတော့ အမကြီးလို မတွေးဘူး ကိုယ်ချစ်တဲ့သူ ကိုယ့်ကို...