Part 24

1.5K 36 1
                                    

ခေါင်းထဲရောက်လာသည့် မောင့်အကြောင်းတွေကို
အတွေးနယ်ချဲ့ဖို့ကြိုးစားမိစဥ်မှာပဲ ဖုန်းဝင်လာသည် ။

မောင်ဆက်တာမို့လည်း အမြန်ကိုင်လိုက်ရသည် ။

" မောင် "

" အဆောင်ရှေ့မှာရောက်နေပြီ 
လရိပ်အဆင်ပြေရဲ့လား မောင်ဝင်လာခဲ့ရမလား "

" လရိပ်အဆင်ပြေပါတယ်မောင်ရဲ့
အပြင်ကဘဲစောင့်နေလေ လရိပ်လာခဲ့မယ် .."

" .............. "

အဆောင်ရှေ့မှာရောက်နေပြီဆိုတာကြောင့်
သနပ်ခါး​တောင် ခြောက်အောင်မစောင့်နိုင်ဘဲ
အဝတ်အစားကို အမြန်လဲကာ ထွက်လာခဲ့ရလေသည် ။

အဆောင်ရှေ့ကိုရောက်တော့
မောင့်ကိုမတွေ့ရဘဲ မလှမ်းမကမ်းမှာရပ်ထားတဲ့
အနက်ရောင်ကားတစီးကိုသာ တွေ့လိုက်ရတာမို့
မဝံ့မရဲနဲ့ အနားကိုလျှောက်သွားလိုက်မိသည် ။

" တီ "

" အမလေး "

ခပ်စောင့်စောင့်ထွက်လာသည့်ဟွန်းသံကြောင့်
လရိပ်ညိုမှာ ကိုယ့်ရင်ဘတ်လေးကိုယ် ဖိလိုက်မိပြီး
မောင်ဖွင့်ပေးလိုက်တဲ့တံခါးမှ ဝင်ထိုင်လိုက်ရသည် ။

" မောင် ..   "

" .............. "

အထဲကိုရောက်လို့ ကားတံခါးပိတ်လိုက်ချိန်မှာဘဲ
ရုတ်တရက်ဆွဲယူပွေ့ဖက်လိုက်တဲ့ မောင့်လုပ်ရပ်ကြောင့်
လရိပ်ညိုမှာ ဘာစကားမှမပြောနိုင်ဘဲ မောင့်အနမ်းတွေမှာ
စက္ကန့်များစွာ နစ်မွန်းသွားခဲ့ရလေသည်  ..။

မခြောက်သေးတဲ့သနပ်ခါးလေးတွေ ပျက်မှာစိုးပေမယ့်
တဖြည်းဖြည်းညင်သာလာတဲ့ မောင့်ရဲ့အကြင်နာတွေက
နဖူးလေးကိုဖွဖွနမ်းပြီး အဆုံးသတ်ပေးလေသည်  ...။

" ဒယ်ဒီက ဘာပြောလိုက်လို့လဲ  ..."

" ဟင် ..."

မျက်လုံးလေးတွေကိုပါ ခပ်ဖွဖွနမ်းလိုက်တဲ့မောင်က
ထိုမျက်လုံးလေးတွေထဲကို စူးစိုက်ပြီးကြည့်လာသည်။

အကြည့်တွေကို ရွေ့လျားရှောင်ဖယ်လိုက်ပေမယ့်
မောင့်ပုံရိပ်ကတော့ အမြင်အာရုံထဲမှာ စွဲထင်​နေဆဲပါပဲ။

🌙 လရိပ်ညို 🌙 Where stories live. Discover now