" ထမင်းကို အချိန်မှန်စားနော်သမီး
ကျန်းမာရေးကိုလည်းဂရုစိုက် ကြားလား .."" ဘာတွေမှာနေတာလဲ မိတင်ရယ်
သမီးက အလုပ်သွားလုပ်မှာမှမဟုတ်တာ
လရိပ်ညို သမီးတက်ရမယ့်ကျောင်းကလေ
ဆရာကြီးတို့အိမ်နဲ့ သိပ်မဝေးဘူးဆိုပေမယ့်
လမ်းသွားလမ်းလာဂရုစိုက်နော် ..."" သမီးတယောက်ထဲလွှတ်လိုက်လို့ ဖြစ်ပါ့မလား "
အမေနဲ့အဖေက တယောက်တမျိုးစီပြောရင်း
လရိပ်ညိုအတွက် ပစ္စည်းတွေကိုထည့်ပေးနေကြသည်။" ကားဂိတ်အထိ ကျွန်တော်လိုက်ပို့ပေးမှာပါ
ဟိုရောက်ရင် ကေကေလာကြိုမှာမို့ စိတ်မပူကြပါနဲ့ "" ဆရာကြီးညီမ လာခေါ်တဲ့အထိစောင့်ပေးပါနော်
သမီးတယောက်ထဲ မျက်စိလည်နေမှာစိုးလို့ပါ ..."" စိတ်ချပါဗျာ
သမီးလရိပ်က အဲ့လောက်လည်း မအ,ပါဘူး
ကိုညိုမောင်နဲ့မတင်မာညိုတို့ စိတ်ချလက်ချသာနေပါ.. "ဆရာဝန်ကြီးက လရိပ်ညိုတို့မြို့ရဲ့ကားဂိတ်အထိ
လိုက်ပို့ပေးမှာဖြစ်ပြီး ကျန်ခရီးကိုတော့ သူမကိုယ်တိုင်
ဒေါ်ကေသရီဆိုတဲ့ အမျိုးသမီးနဲ့သွားရမှာဖြစ်၏ ..။" သမီး ရန်ကုန်ရောက်ရင် ဖုန်းကိုအရင်ဝယ်နော်
ဖုန်းဝယ်ပီးတာနဲ့ အမေတို့ကိုဆက်လိုက် သိလား .."" အင်းပါအမေရဲ့ စိတ်မပူနဲ့နော်
သမီး ဟိုရောက်တာနဲ့ ဖုန်းဆက်လိုက်ပါ့မယ် "" အင်းအင်း..
သမီးယူစရာရှိတာ အကုန်ယူပြီးပြီလား
ဆရာကြီးပြောတဲ့ အောင်လက်မှတ်တွေကရော .."" ဟုတ် ပါတယ်အမေရဲ့ ဒီထဲမှာ
အော် ဒါနဲ့အမေရေ .. သမီးကိုလေ
သနပ်ခါးတုံးတတုံးလောက် ပေးလိုက်ပါလား
သမီးက သနပ်ခါးမလိမ်းဘဲ မနေတတ်လို့ပါ .."" အေးအေးသမီး ယူသွားလေ
ခဏနေဦး အမေသွားယူပေးမယ်.."အမေက ပြောပြောဆိုဆိုနဲ့
အိမ်ပေါ်ကိုပြန်တက်သွားလေသည် ။" သမီးလရိပ်က သနပ်ခါးကြိုက်တာလား
အင်း လိမ်းတက်ရင်တော့ ယူခဲ့ပေါ့သမီးရာ
အိမ်မှာကေကေက မိန်းကလေးဆိုပေမယ့်
ဘယ်တုန်းကမှ သနပ်ခါးလိမ်းတာမဟုတ်ဘူးကွ.. "
YOU ARE READING
🌙 လရိပ်ညို 🌙
Romanceအချစ်မှာ အပေးအယူဆိုတာ မရှိဘူးကမ္ဘာရဲ့ ငါ ဒါပေးလို့ ဒါပြန်ရ,ရမယ်လို့လည်း မမျှော်လင့်ရဘူး အချစ်ဆိုတာ ကိုယ်ချစ်တဲ့သူ အဆင်ပြေပျော်ရွှင်နေတာကို ဘေးနားက ကြည့်နေခွင့် ရတာနဲ့လည်း အချစ်ဖြစ်တာပဲ ။ ကျွန်တော်ကတော့ အမကြီးလို မတွေးဘူး ကိုယ်ချစ်တဲ့သူ ကိုယ့်ကို...