Part 10

8.4K 132 6
                                    

" ဘာကူညီပေးရမလဲမောင်လေး .."

" ဗျာ .."

တကြိမ်တခါမှမရောက်ဖူးတဲ့
ဆေးရုံကြီးထဲမှာတော့ မင်းကမ္ဘာတယောက်
ကျောပိုးအိတ်လေးကိုလွယ်ပြီး ဟိုကြည့်ဒီကြည့်ဖြစ်နေ၏။

လူကြီးလည်းမပါ အဖော်လည်းပါမလာတဲ့သူ့ကို
အားလုံးက အမှတ်တမဲ့နဲ့ ဖြတ်ကျော်သွားကြပေမယ့်
အချိန်ခဏအကြာမှာတော့ ဆရာမလေးတယောက်က
အနားကိုရောက်လာပြီး မေးလေသည် ..။

" မောင်လေး လူလာရှာတာလား
ဒါမှမဟုတ် နေမကောင်းဖြစ်လို့လာပြတာလား .."

" ဟို .. မဟုတ်ဘူး​ဗျ ..
ဒီမှာလေ ဆရာမလရိပ်ညို ရှိလားမသိဘူး .."

" ရှင် .."

သူပြောနေတာ မှားနေမှန်းသိပေမယ့်
ရင်တွေခုန်နေတာမို့ အသံတွေပါတုန်ချင်နေသည်။

" ဒီနေ့ .. ဒီနေ့လေ
ဒီကို လက်တွေ့လာဆင်းတဲ့ သူနာပြုတက္ကသိုလ်က
အမကြီးလရိပ်ညိုနဲ့ တွေ့ချင်လို့ပါ ..."

" အော် YUONကလား
အဲ့တာဆိုရင်တော့ ရှိပါတယ် .. ဒါပေမယ့်
လရိပ်ညိုပါလား မပါလားတော့မသိပါဘူးမောင်လေး .."

" ဟုတ်ကဲ့ ကျေးဇူးတင်ပါတယ် .."

ဆရာမလေးက သူ့ကို
စူးစမ်းသလိုကြည့်ပြီး ထွက်သွားတာမို့ သူလည်း
သက်ကိုဝ,အောင်ရှုပြီး လျှောက်ကြည့်နေမိသည် ။

ဒယ်ဒီနဲ့အမကြီး ညတုန်းကပြောနေခဲ့တာကို
မင်းကမ္ဘာမှာ အမှတ်တမဲ့နဲ့ကြားလိုက်မိတာကြောင့်
ကျောင်းကို နေ့တဝက်ဖျက်ပြီး လာခဲ့ခြင်းဖြစ်သည် ။

ဆရာမကို နေမကောင်းလို့အိမ်ပြန်ချင်တယ်ပြောပြီး
သူငယ်ချင်းတွေကို ဘာမှအသိမပေးပဲထားခဲ့မိသည်။

တကိုယ်ရည်စွန့်စားရတဲ့ ဒီအခိုက်အတန့်မှာ
ရင်ထဲမှာရော နှလုံးသားထဲမှာပါ ခံစားချက်က
ဘာနဲ့မှ ယှဥ်ပြလို့မရအောင်ဖြစ်နေခဲ့သည် ...။

အဖြူရောင်ကုတ်ကြီးတွေဝတ်ပြီး
နောက်ကဆရာမလေးတွေခြံရံပြီးသွားနေတဲ့
ဆရာဝန်ကြီးတွေကိုမြင်တော့ဒယ်ဒီများလားဆိုပြီး
အထိတ်တလန့်နဲ့ ပုန်းကွယ်မိရတာလည်း အခါခါပါပဲ ။

🌙 လရိပ်ညို 🌙 Wo Geschichten leben. Entdecke jetzt