" ကျွန်တော့်ကိုပေး ဦးလေး .. ကျွန်တော်လုပ်ပေးမယ် "
" နေပါကွာ ရပါတယ် .."
" ပေးပါဦးလေးရ ကျွန်တော်လုပ်ပေးချင်လို့ပါ "
ရေချိုးဖို့အတွက် တုံကင်မှာရေနှိပ်နေတဲ့အဖေ့ကို
မင်းကမ္ဘာက အသဲအသန်ဝင်ကူနေတာကို လရိပ်ညိုမှာ
မီးဖိုချောင်ထဲမှာ ချက်ပြုတ်နေရင်းနဲ့တွေ့ မြင်နေရသည် ။အဖေ့ကို မျက်နှာလုပ်နေပြန်ပြီ ။
ကော့ညွှတ်တဲ့နှုတ်ခမ်းလေးတွေက
အမြဲတမ်းဆိုသလို ပြုံးရောင်သမ်းနေသည်မှာ
လရိပ်ညိုထံမှ ချစ်အဖြေရပြီးကတည်းကဖြစ်လေသည်။ဘယ်နေရာမှာမဆို တက်ကြွဖျတ်လက်နေပြီး
မြို့သားဆိုတဲ့ သွင်ပြင်လက္ခဏာတွေပျောက်ကာ
ရွာသားလေးလုံးလုံး ဖြစ်နေခဲ့လေသည် ....။နေဖုန်းတို့နဲ့ ဘုရားထဲသွားပြီးဝိုင်းကူသလို
အိမ်ကိုပြန်ရောက်ရင်လည်း ထင်းခွဲရ ရေခပ်ရနဲ့
တခါတလေ အမေ့ကိုပါ ဝိုင်းကူတတ်ပြန်သည် ...။ဟိုအရင်ထက် သိတက်လိမ္မာလာတဲ့သူ့ကို
အဖေနဲ့အမေက သားလေးဆိုပြီး ပါးစပ်ဖျားကမချ ။ပတ်ဝန်းကျင်က သတိထားမိလာလောက်တဲ့အထိ
မင်းကမ္ဘာရဲ့အပြုအမူတွေက ပိုမိုပီပြင်လာခဲ့လေသည်။" ကိုညိုမောင်တို့တော့ သားတယောက်ထပ်ရတာပဲဗျို့
ဆရာကြီးသားလေးက သံယောဇဥ်တော့တွယ်တက်သား "" ဟုတ်ပတော်
ဆရာကြီးပြောင်းသွားတာတောင်
သူ့ခမျာ ကိုညိုမောင်တို့ကို ခင်နေရှာတာ "" ကောင်လေး မင်း ဒီရွာသားလုပ်လိုက်ပါလားကွ.. "
" တွေ့နေပြီလားတောင် မသိပါဘူးတော် .. ဟင်းဟင်း "
အမျိုးမျိုးသော မှတ်ချက်တွေကို
မင်းကမ္ဘာကတော့ အပြုံးနဲ့သာနှုတ်ဆိတ်နေခဲ့ပြီး
လရိပ်ညိုမှာတော့ နှစ်ယောက်တွဲပြီးသွားလာဖို့တောင်
စိုးရွံ့နေတာမို့ အနေအထိုင်ကို ပိုပြီးသတိထားနေရသည်။လရိပ်ညိုက မကြိုက်ပါဘူးလို့ပြောထားတာမှန်သမျှ
မင်းကမ္ဘာကလည်း အတက်နိုင်ဆုံးနားထောင်ပေးပါသည်။
ESTÁS LEYENDO
🌙 လရိပ်ညို 🌙
Romanceအချစ်မှာ အပေးအယူဆိုတာ မရှိဘူးကမ္ဘာရဲ့ ငါ ဒါပေးလို့ ဒါပြန်ရ,ရမယ်လို့လည်း မမျှော်လင့်ရဘူး အချစ်ဆိုတာ ကိုယ်ချစ်တဲ့သူ အဆင်ပြေပျော်ရွှင်နေတာကို ဘေးနားက ကြည့်နေခွင့် ရတာနဲ့လည်း အချစ်ဖြစ်တာပဲ ။ ကျွန်တော်ကတော့ အမကြီးလို မတွေးဘူး ကိုယ်ချစ်တဲ့သူ ကိုယ့်ကို...