" မောင့်ကို ဘယ်လိုစကားတွေနဲ့နှစ်သိမ့်ချင်သေးလဲ .."
" မဟုတ်ပါဘူးမောင်ရယ်
အဲ့ဒီနေ့က မောင်ပို့ထားတဲ့စာကို မတွေ့လို့ပါ တကယ် "" အဆောင်မှာနေရမယ့်ကိစ္စကို
ဘာဖြစ်လို့ မောင်သိခွင့်မရှိခဲ့တာလဲ
မောင့်ကို ဘာဖြစ်လို့မတိုင်ပင်ခဲ့ရတာလဲ .."" မောင်ရယ် လရိပ်ကလေ .."
စိမ်းဖန့်ဖန့်မျက်ခုံးတန်းတွေကိုတွန့်ချိုးထားပြီး
အကြည့်တွေကျဥ်းမြောင်းနေတဲ့ မောင့်ပုံစံကြောင့်
ဘယ်လိုရှင်းပြရမယ်မှန်းမသိအောင် ဖြစ်နေရသည် ။ရှောင်ရင်းတိမ်းရင်း လှည့်ရင်းပတ်ရင်းနဲ့ဘဲ
ဒီနေ့မှာတော့ မောင်က ကျောင်းအထိလိုက်လာတာမို့
အနီးဆုံးက ကော်ဖီဆိုင်လေးတဆိုင်မှာ လရိပ်နှင့်မောင်
အတူထိုင်ရင်း စကားတွေပြောဖြစ်ခဲ့ကြလေသည် ။မောင့်ဘက်က အလိုမကျမှုတွေများနေခဲ့ပြီး
လရိပ်ညိုဘက်ကတော့ မောင့်စကားတွေကိုဖြေရှင်းဖို့
အားအင်တွေစုစောင်းကာ ကော်ဖီကိုငုံ့သောက်နေမိ၏။" မောင့်အပေါ်မှာဘယ်လိုသဘောထားလို့လဲ
မောင်နဲ့လရိပ်က ချစ်သူတွေမဟုတ်ကြဘူးလား
ဘာကိစ္စတွေပဲရှိရှိ တယောက်နဲ့တယောက်က
ပွင့်ပွင့်လင်းလင်း တိုင်ပင်လို့မရဘူးလားလရိပ်ရယ်
လရိပ်က မောင့်ကို အမြဲတမ်းကလေးတယောက်လို
အရေးမပါသလို ချောင်ထိုးထားခဲ့တယ်
လရိပ်ဘက်ကအခက်အခဲကို အမြဲတမ်းတယောက်ထဲ
ဖြေရှင်းတယ် .. မောင်က အားကိုးမရတဲ့သူမို့လို့လား
ဘာမှအသုံးမဝင်ဘူးလား လရိပ်အတွက် မောင်က
ဘာမှမဟုတ်ဘူးလားကွာ ..."ခံစားချက်တွေကိုရင်ဖွင့်နေတဲ့မောင်က
သူမ,အားကိုးရလောက်တဲ့အမျိုးသားလေးပါပဲ ။ဒါပေမယ့်
မောင့်ကို ဒီထပ်ပိုပြီးစိတ်မညစ်စေချင်တာက
လရိပ် မောင့်အပေါ်ထားတဲ့အချစ်တခုပါပဲမောင်ရယ် ။" မောင်ကလဲ အဲ့ဒီလောက်အများကြီးမတွေးပါနဲ့
လရိပ်အခုလို အဆောင်မှာနေတာက တနည်းပြောရရင်
မောင်နဲ့အခုလို အေးအေးဆေးဆေး တွေ့လို့ရတယ်လေ "
YOU ARE READING
🌙 လရိပ်ညို 🌙
Romanceအချစ်မှာ အပေးအယူဆိုတာ မရှိဘူးကမ္ဘာရဲ့ ငါ ဒါပေးလို့ ဒါပြန်ရ,ရမယ်လို့လည်း မမျှော်လင့်ရဘူး အချစ်ဆိုတာ ကိုယ်ချစ်တဲ့သူ အဆင်ပြေပျော်ရွှင်နေတာကို ဘေးနားက ကြည့်နေခွင့် ရတာနဲ့လည်း အချစ်ဖြစ်တာပဲ ။ ကျွန်တော်ကတော့ အမကြီးလို မတွေးဘူး ကိုယ်ချစ်တဲ့သူ ကိုယ့်ကို...