" အားနာလိုက်တာ ကြီးချိုရယ်
လရိပ်ကလေ သနပ်ခါးတုံးသာယူလာတာ
ကျောက်ပျဥ်ယူခဲ့ဖို့ကို လုံးဝသတိမရဘူး ..
အခုကြီးချိုက လရိပ်ကိုဒီကျောက်ပျဥ်အပိုင်ပေးတော့
လရိပ်အရမ်းဝမ်းသာတာပဲ ကျေးဇူးလည်းတင်ပါတယ် "" မလိုပါဘူးသမီးရယ်
ကြီးချိုက သနပ်ခါးလည်းသိပ်မလိမ်းဖြစ်ပါဘူး
သမီးက ကြီးချိုဆီလာလာလိမ်းနေရတာဆိုတော့
မလွတ်လပ်သလိုဖြစ်နေမှာစိုးလို့ အပိုင်ပေးလိုက်တာ
သမီးအခန်းထဲယူသွားလိုက်နော် အားမနာနဲ့ ..."" ဟုတ်ကဲ့ ..
လရိပ် ကောင်းကောင်းသုံးပါ့မယ် ..."ကြီးချို ပေးလိုက်တဲ့ကျောက်ပျဥ်လေးကိုယူပြီး
လရိပ်ညိုလည်း ကိုယ့်အခန်းကိုယ် ဝင်လာခဲ့လေသည်။လရိပ်ညိုနေဖို့အတွက်ကို
အိမ်ရဲ့အောက်ထပ်မှာပဲ စီစဥ်ပေးထားတာမို့
ထမင်းစားခန်းနဲ့ မျက်စောင်းထိုးအခန်းတခုမှာ
လရိပ်ညိုက နေရလေသည် ..။လရိပ်ညိုရဲ့အခန်းဘေးမှာတော့ စတိုခန်းတခန်းရှိပြီး
တဖက်မှာတော့ ကြီးချိုရဲ့အခန်းဖြစ်လေသည် ...။အောက်ထပ်ကအခန်းဆိုပေမယ့်
သန့်ရှင်းသပ်ရပ်ကာ ကျယ်လည်းကျယ်သလို
လရိပ်ညိုတို့အိမ်တလုံးစာလောက်မျှကို ရှိလေသည် ။အန်တီကေသရီနဲ့ မင်းကမ္ဘာတို့က
အိမ်အပေါ်ထပ်မှာနေကြပြီး စာသင်ဖို့အတွက်တော့
ဧည့်ခန်းကို အသုံးပြုခွင့်ပေးထားလေသည် ...။အခုဆိုရင် လရိပ်ညို ဒီအိမ်ကိုရောက်လာတာ
တလနီးပါးရှိနေပြီဖြစ်ပေမယ့် မင်းကမ္ဘာနဲ့တော့
သိပ်မရင်းနှီးသေးတဲ့အခြေအနေမှာဘဲ ရှိနေသည် ...။လရိပ်ညိုမှာလည်း ကိုယ့်စာနဲ့ကိုယ်ဖြစ်သလို
မင်းကမ္ဘာကလည်း ကျက်စာကိုသာ သူနဲ့အတူ
ဝိုင်းကူကျက်စေတာမို့ လရိပ်ညိုမှာ သက်သာပါသည် ။မင်းကမ္ဘာက အဂ်လိပ်နဲ့သချ်ာကို
ဘယ်သူ့အကူအညီမှမယူပဲဖြေရှင်းနိုင်ပေမယ့်
ကျက်စာမှာတော့ လရိပ်ညိုကိုယ်တိုင်အလွတ်ရတဲ့အထိ
အတူလိုက်ကျက်ပေးရလေသည် ..။ဥာဏ်မကောင်းတာလည်းမဟုတ်ဘဲနဲ့
သပ်သပ်မယ့် အပြင်းထူနေတဲ့ကောင်လေးပါပဲ ..။
ESTÁS LEYENDO
🌙 လရိပ်ညို 🌙
Romanceအချစ်မှာ အပေးအယူဆိုတာ မရှိဘူးကမ္ဘာရဲ့ ငါ ဒါပေးလို့ ဒါပြန်ရ,ရမယ်လို့လည်း မမျှော်လင့်ရဘူး အချစ်ဆိုတာ ကိုယ်ချစ်တဲ့သူ အဆင်ပြေပျော်ရွှင်နေတာကို ဘေးနားက ကြည့်နေခွင့် ရတာနဲ့လည်း အချစ်ဖြစ်တာပဲ ။ ကျွန်တော်ကတော့ အမကြီးလို မတွေးဘူး ကိုယ်ချစ်တဲ့သူ ကိုယ့်ကို...