" ငါပြန်တော့မယ်ရှိုင်း "
လက်ထဲမှဘီယာခွက်ကို ခုံပေါ်လှမ်းတင်ကာ
ဆိုဖာနောက်မှီကို ခပ်လျော့လျော့မှီချလိုက်ပြီး
ပြန်မယ်ဆိုပြီး တော်တော်နှင့်မထ,ဘဲ ထိုင်နေပြန်သည် ။
ရှိုင်းကတော့ သူငယ်ချင်းဖြစ်သူရဲ့ပုံစံကိုကြည့်ကာ
အရင်လို ဆွဲမထားတော့ဘဲ အမြန်ပြန်စေချင်မိသည် ။
" အေးအေး ပြန်လေကမ္ဘာ
မနက်ဖြန်ကျမှ ငါတို့ထပ်ဆုံကြတာပေါ့
အိမ်ရှေ့မှာ ဟိုကောင်မလေးတယောက်ထဲ အားနာစရာ "
" ရတယ် ကိစ္စမရှိဘူး
မေဗလ်နဲ့ငါက နားလည်မှုရှိပြီးသား "
" မင်း အရင်ကနဲ့ မတူတော့ဘူးနော်ကမ္ဘာ
မိန်းကလေးပါတနာတွေဘာတွေ ထားလို့ပါလား
အမကြီးလရိပ်ညိုကရော ဘယ်လိုဖြစ်သွားပြီလဲ "
" ဘာကိုဘယ်လိုဖြစ်ရမှာလဲ
သူလည်းသူ့ဘဝအတွက်သူရွေးချယ်သလို
ငါလည်း ငါ့ဘဝနဲ့ငါ ဖြတ်သန်းရတော့မှာပေါ့
လူဆိုတာ ပြောင်းလဲတတ်ကြတာ သဘာဝဘဲလေ .."
ခပ်မှေးမှေးဆင်းချထားတဲ့ မျက်ဝန်းတွေမှာ
နာကျင်ခံခက်နေသည့် အရိပ်အယောင်တွေကို
ရှိုင်းလည်း ကောင်းကောင်းမြင်နေရလေသည် .. ။
" အမကြီးလရိပ်ညိုက မင်းပြောသလို
တကယ်ဘဲ မင်းဒယ်ဒီနဲ့လက်ထပ်လိုက်တာလား
ငါတို့တော့ မင်းဒယ်ဒီကို ဘာသံမှမကြားမိဘူးလားလို့ "
" တိတ်တိတ်ပုန်းလည်း ဖြစ်ချင်ဖြစ်မှာပေါ့ .."
" ကမ္ဘာ ..
မင်းကလည်းလဲကွာ ပြောချလိုက်တာ .."
" ဟုတ်တယ်လေ .. အခုဆိုရင်
ကလေးတယောက်တောင်ရနေကြပြီမဟုတ်ဘူးလား .."
" မင်းပြောပုံအရဆိုရင်
ကလေးက မင်းနဲ့တော်တော်တူတယ်ဆိုတော့
အေးလေ ဟုတ်ချင်လည်းဟုတ်မှာပေါ့ ဘယ်သိမလဲ "
" ဟုတ်ပါတယ်ဆိုကွာ "
ဒီထက်သေချာတာ ဘာရှိတော့လို့လဲ ။
ဒယ်ဒီနဲ့မွေးထားတဲ့ကလေးမို့
သူနဲ့တူနေတာမဟုတ်ဘူးလား .. ။
ရုပ်ချင်းတူကြတဲ့ ညီအစ်ကိုတွေလေ ။ အဟွန်း ။
" ဒါနဲ့ မင်းတွေးမိလားကမ္ဘာ ..."
BINABASA MO ANG
🌙 လရိပ်ညို 🌙
Romanceအချစ်မှာ အပေးအယူဆိုတာ မရှိဘူးကမ္ဘာရဲ့ ငါ ဒါပေးလို့ ဒါပြန်ရ,ရမယ်လို့လည်း မမျှော်လင့်ရဘူး အချစ်ဆိုတာ ကိုယ်ချစ်တဲ့သူ အဆင်ပြေပျော်ရွှင်နေတာကို ဘေးနားက ကြည့်နေခွင့် ရတာနဲ့လည်း အချစ်ဖြစ်တာပဲ ။ ကျွန်တော်ကတော့ အမကြီးလို မတွေးဘူး ကိုယ်ချစ်တဲ့သူ ကိုယ့်ကို...
