Part 28

2K 48 1
                                    

ငါးနှစ်ကြာပြီးသည့်နောက် ~~~ ♥

" ဟတ်ပီးဘတ်ဒေး ကိုကို .."

" သင့်ခ်ယူ မေဗလ် .."

သျှားညိုရောင်ဗူးလေးကို သူ့ထံကမ်းပေးလာတာမို့
မေဗလ့်ရဲ့မွေးနေ့လက်ဆောင်ကို လက်ခံလိုက်သည် ။

အပြင်ပမ်းကြည့်ရုံဖြင့်
တန်ဖိုးမြင့်ပစ္စည်းမှန်းသိသာသလို
အရွယ်အစားကလည်း ခပ်သေးသေးမို့
နာရီလို့တော့ ထင်လိုက်မိသည် ...။

" ဟတ်ပီးဘတ်ဒေး သား
ဒီနေ့ကျရောက်တဲ့ ၂၂ နှစ်ပြည့်မှသည်
နောင်နှစ်ပေါင်းများစွာတိုင် ပျော်ရွှင်အေးချမ်းစွာနဲ့
ဘဝကို လိုအပ်ချက်မရှိ ဖြတ်သန်းနိုင်ပါစေနော် ..."

" ကျေးဇူးပါ အန်တီမြတ်သွယ် .."

ကလေးလည်းမဟုတ်ပါဘဲ
မွေးနေ့လက်ဆောင်တွေလက်ခံနေရတာကို
မင်းကမ္ဘာစိတ်ထဲမှာတော့ ကသိကအောက်နိုင်နေသည်။

ဒီကိုရောက်လာပြီးကတည်းက
နှစ်တိုင်းလိုလို မွေးနေ့ရောက်လာပြီဆိုရင်
အန်ကယ်လ်ဇင်မောင်တို့က ပါတီလုပ်ပေးတတ်ပြီး
လက်ဆောင်တွေလည်း ကိုယ်ဆီ ပေးကြလေသည် ။

" အန်ကယ်လ်ကလည်း ဆုတောင်းပေးပါတယ်ကွာ
မွေးနေ့မှမဟုတ်ဘဲ တနေ့တရက် တစက္ကန့်ဆီတိုင်းမှာ
ပျော်ရွှင်မှုတွေအောင်မြင်မှုတွေများစွာ ဆွတ်ခူးနိုင်ပါစေ
ပထမဦးဆုံး လုပ်ငန်းခွင်မှသည် အောင်မြင်တဲ့စီးပွားရေး
လုပ်ငန်းရှင်တယောက်ဖြစ်ပါစေကွာ ... "

" သင့်ခ်ယူ အန်ကယ်လ် .."

ဝိုင်ခွက်ချင်းတိုက်ကာ
မျက်နှာလွှဲပြီးမော့သောက်လိုက်တော့
ရင်ဘတ်ထဲမှာ ရှိန်းမြမြနဲ့ ပူဆင်းသွားလေသည် ။

တီငယ်ကတော့ ပီတိဖြစ်နေတဲ့အကြည့်တွေနဲ့ကြည့်ကာ
ဘာဆုတောင်းမှ မပေးသေးဘဲ အခုချိန်ထိ ငြိမ်နေသည်။

" သားကို အန်ကယ်လ်ပြောရဦးမယ် .."

" ဟုတ် အန်ကယ်လ် ပြောပါ .."

" အင်း တခြားတော့မဟုတ်ပါဘူး ကိုထွဋ် .."

ဒယ်ဒီ့နာမည်ကြားလိုက်တာနဲ့
ရင်ဘတ်ထဲမှာ တင်းကြပ်တဲ့ဝေဒနါကို ခံစားလိုက်ရ၏။

🌙 လရိပ်ညို 🌙 Where stories live. Discover now