" မမ.. "
" ဟင် .."
ညနေစာစားပြီးချိန်မှာတော့
အမေနှင့်ညီမလေးက တီဗွီကြည့်နေပေမယ့်
နေဖုန်းက လရိပ်ညိုရဲ့အခန်းထဲ ဝင်လာလေသည် ...။" မောင်လေး .."
" အိပ်နေတာလား .."
" မအိပ်ပါဘူး ..
ထမင်းစားပြီးလို့ လမ်းလျှောက်နေတာ "" ခြံထဲဆင်းလျှောက်လေ "
" အိမ်ပေါ်မှာလည်း အဆင်ပြေပါတယ် "
မောင်နှမတွေမှာ
အရင်လို ရင်းရင်းနှီးနှီးမရှိတော့ပေမယ့်
မောင်လေးရဲ့စိတ်ပူနေတဲ့အကြည့်တွေကိုတော့
မျက်လုံးမှတဆင့် ရင်ထဲအထိမြင်နေရပါသည် ။" မွေးတော့မှာလား .."
" ဟင် .."
ဗိုက်ဖုံးအင်ကျီလေးအောက်မျ
စူဖြိုးတင်းမာနေသည့်ဗိုက်လေးကိုကြည့်ကာ
နေဖုန်းက ဗြုန်းစားကြီးမေးချလိုက်လေသည် ။လရိပ်ညိုမှာ မျက်နှာပူနေမိပေမယ့်
မောင်လေးက စိုးရိမ်ပေးမေသည်ဆိုတဲ့အသိနဲ့
ရင်ထဲမှာ နွေးထွေးလုံခြုံသလို ခံစားလိုက်ရသည် ။" အင်း သိပ်မလိုတော့ဘူး .."
" ညဘက်တွေ ထ,ရသွားရ အဆင်မပြေရင်
ကျွန်တော် လာအိပ်ပေးမယ်လေ အားမနာနဲ့ .."" ရပါတယ်မောင်လေးရဲ့ ညီမလေးလဲရှိနေတာဘဲ "
" မမကို မမေးဘူးလို့ဆုံးဖြတ်ထားပေမယ့်
သိရမှလည်းဖြစ်မှာမို့ ကျွန်တော်မေးဦးမယ် .."နေဖုန်းက စကားပြောရင်
အရင်လို သားက လို့ မပြောတော့ဘဲ
ကျွန်တော်ဆိုပြီး သုံးနှုန်းလာတာကိုသတိထားမိလာသည်။" မမနဲ့ ကမ္ဘာက ဘာတွေလဲ .."
" ဟင် .."
" ဟို မဟုတ်ပါဘူး
ကမ္ဘာက မမကိုကြိုက်နေတာကို သိထားတယ် .."" ဟင် .."
လရိပ်ညိုရင်ထဲ ဒိန်းခနဲဖြစ်သွားသည် ။
" အဲ့ဒါ သူနဲ့မမ ချစ်သူတွေဖြစ်ခဲ့ကြတာလား .."
" ဘာ ဘာလို့မေးတာလဲဟင် .."
ESTÁS LEYENDO
🌙 လရိပ်ညို 🌙
Romanceအချစ်မှာ အပေးအယူဆိုတာ မရှိဘူးကမ္ဘာရဲ့ ငါ ဒါပေးလို့ ဒါပြန်ရ,ရမယ်လို့လည်း မမျှော်လင့်ရဘူး အချစ်ဆိုတာ ကိုယ်ချစ်တဲ့သူ အဆင်ပြေပျော်ရွှင်နေတာကို ဘေးနားက ကြည့်နေခွင့် ရတာနဲ့လည်း အချစ်ဖြစ်တာပဲ ။ ကျွန်တော်ကတော့ အမကြီးလို မတွေးဘူး ကိုယ်ချစ်တဲ့သူ ကိုယ့်ကို...