Part 42

5K 99 2
                                    

" သားအိပ်နေပြီလား .."

" ဟုတ်တယ် အိပ်နေပြီ
ကျွန်တော်နဲ့ဇာတ်ကားကြည့်ရင်းအိပ်သွားတာ "

ထိုင်ခုံပေါ်မှာထိုင်နေသည့်နေဖုန်းရဲ့ပေါင်ပေါ်မှာ
သားလေးက အိပ်မောတွေကျလို့နေလေသည် ..။

နေ့လယ်နေ့ခင်း မအိပ်သည့်နေ့တွေဆိုလျှင်
သားလေးက ညဘက်မှာစောစောအိပ်တတ်သည် ။

" အဲ့ဒါဆို ခဏချီထားလိုက်ဦးနော်
မမ အိပ်ယာသွားခင်းလိုက်ဦးမယ်.. "

" ဘုန်းလေးကို ကျွန်တော်နဲ့သိပ်လိုက်မယ် .."

" ဟင် .. ရ ရပါတယ် .."

" မမတို့ကုတင်က သုံးယောက်ဘယ်လိုဆန့်မှာလဲ
ရတယ် ဘုန်းလေးကိုကျွန်တော်နဲ့သိပ်လိုက်မယ် "

နေဖုန်းက သားလေးကိုချီပြီး သူ့အိပ်ယာကိုသွားတာမို့
လရိပ်ညိုမှာ ဘာလုပ်လို့ဘာကိုင်ရမှန်းမသိဖြစ်သွားသည်။

အပြင်မှ အမေလည်းပြန်ရောက်လာပြီး
နေဖုန်းနဲ့သားလေးကိုတွေ့သွားတာကြောင့်
နေဖုန်းပြောတဲ့အစီအစဥ်ကိုထောက်ခံပြန်သည်။

" ဟုတ်တယ်လေသမီးရဲ့
မြေးလေးက နေရာကျဥ်းရင်အိပ်တတ်မှာမဟုတ်ဘူး
ဒီညတော့ ကလေးကိုအပြင်မှာဘဲသိပ်လိုက် မနက်ကျမှ
ကုတင်မဆန့်ရင် ကုတင်ကိုအပြင်ထုတ်ပြီးအခန်းရှင်းလိုက်
ဗီရိုထဲမှာ ခေါင်းအုံးစွပ်တွေရှိတယ် ယူပြီးလဲပေးလိုက်ဦး
ညည်းကောင်လေးက အသန့်အပြန့်ကကြိုက်ပါဘိသနဲ့ .."

" ဟုတ် .."

လရိပ်ညိုလည်း အမေ့ထံမှ
ပွင့်ပွင့်လင်းလင်းခွင့်ပြုချက်ရပြီမို့
​ဗရိုထဲကမှ ခေါင်းအုံးစွပ်အသစ်တွေကိုထုတ်ယူပြီး
အခန်းထဲကို ပြန်ဝင်လာခဲ့လေသည် ...။

" အမေက အတူတူအိပ်တဲ့လား .."

" အင်း .."

" ဟား ယောက္ခမကြီးက ချစ်ဖို့ကောင်းလိုက်တာ.."

ကုတင်ပေါ်မှာထိုင်နေသည့်မောင်က
အအနားကို ရောက်လာပြီး ပွေ့ဖက်ဖို့ဟန်ပြင်နေတာမို့
ရှောင်တိမ်းလိုက်ရသည်။

" ခဏနေပါဦးမောင်ရဲ့
သားလေးရဲ့ခေါင်းအုံးတွေသွားပေးရဦးမယ် .."

🌙 လရိပ်ညို 🌙 Where stories live. Discover now