Part 29

1.6K 34 0
                                    

" ဥာဏ်ဘုန်းဆင့်သာ .."

" ဗျာ .. မေမေ ဟီး .."

စိုစိုရွှဲနေသည့်ဘောင်းဘီတိုလေးကို
လက်လေးတွေနဲ့ဆုပ်ကိုင်ကာ သွားလေးဖြီးပြပြီး
လရိပ်ညိုကို မျက်နှာချိုသွေးနေသည့် သားလေးက
နောက်မှလိုက်လာသည့် ဦးလေးဖြစ်တဲ့သူကိုလည်း
အားကိုးတကြီးနှင့် လှည့်ကြည့်လေသည် ။

" ကြည့်စမ်းကြည့်စမ်း
အမေရေ အမေ့မြေးကိုကြည့်ပါဦး
နေဖုန်း နင်ကလေးနဲ့ ဘာတွေလုပ်လာတာလဲ .."

" ဟာ မမကလဲ
ကျွန်တော်က ဘာလုပ်လို့လဲ
ဘုန်းလေး .. ဦးနေ ဘုန်းလေးကိုဘာလုပ်လဲ .."

" ဘာမှလုပ်ဘူးလေ ဟီး .."

နှစ်ယောက်လုံးမှာ ကြွက်စုတ်ကလေးတွေလို
အဝတ်အစားတွေပါ စိုရွှဲနေတာမို့ လရိပ်ညိုမှာ
သားလေးကို စိတ်ပူသွားရလေသည် ....။

သားလေးက ကျန်းမာတယ်ဆိုပေမယ့်
ညနေစောင်းကြီးမှာ လေတဖြူးဖြူးတိုက်နေတဲ့အချိန်
ရေစိုအဝတ်အစားတွေနဲ့ ပြန်ရောက်လာကြတာကြောင့်
နေဖုန်းကိုမဆူအားသေးဘဲ သားလေးကိုအရင်လုပ်ပေးရသည်။

လရိပ်ညိုတို့သားအမိ ရေချိုးနေချိန်မှာ
အမေကလည်း နေဖုန်းကိုဆူနေလေသည် ။

" နေဖုန်းရယ် မင်းက ကလေးနဲ့တုပြီး .."

" အမေကလဲ ကျွန်တော်က
ဘုန်းလေးကို ရေးကူးတတ်စေချင်လို့ပါ "

" ဟဲ့ .. ကလေးက ငယ်သေးတယ်လေ "

" ငယ်ငယ်ကသင်ပေးမှ ကြီးလာတော့
ချန်ပီယံဖြစ်မှာပေါ့ ဘုန်းလေးရေ မေကြီးကိုပြောစမ်းကွာ
ဘုန်းလေးကြီးလာရင် ဘာလုပ်မှာလဲဆိုတာကို ...."

နေဖုန်းက မိခင်ပြောတာကိုဂရုမစိုက်ဘဲ
ရေချိုးနေသည့် ဘုန်းလေးရှိရာကိုလှမ်းမေးပြန်သည် ။

ဥာဏ်ဘုန်းဆင့်သာ ဆိုသည်မှာလည်း
သူ့ဦးနေနဲ့ဆိုရင် အမြဲအတိုင်အဖောက်ကိုညီလို့ ။

" မေကြီး သားသားက ကြီးလာရင်
ကမ္ဘာအဆင့်မှီ အားကစားသမားကြီးလုပ်မှာ .."

" အမလေးမြေးလေးရယ်
အားကစားလုပ်ရတာ လွယ်တာမှတ်လို့
အခန့်မသင့်ရင် ခြေကျိုးလက်ကျိုးတွေဖြစ်မှာ "

🌙 လရိပ်ညို 🌙 Donde viven las historias. Descúbrelo ahora