Part 19

1.8K 42 0
                                    

" ဒီကိစ္စ ရှင်ကျွန်မကို ဘာလို့မတိုင်ပင်ရတာလဲ
လူတယောက်စီက ငွေကြေးအကူအညီတောင်းတယ်ဆိုတာ
ဘယ်လောက်တာဝန်ကြီးသလဲ ရှင်သိလားကိုညိုမောင်ရဲ့ "

" ဟ ငါကလည်း ဒီလိုအကူအညီမျိုးကို
တောင်းရမယ့်သူတွေမို့လို့ တောင်းတာပေါ့မိတင်ရ
အဲ့ဒီလိုမှမဖြေရှင်းရင် ငါ့သမီးဘဝကို နင်အာမခံနိုင်လား
ဒီလူတွေစီမှာ ငါ့သမီးကိုရောင်းစားသလိုပေးလိုက်ရမှာထက်
တခြားလူစီမှာဘဲ ငါဒူးထောက်လိုက်မယ်မိတင် .."

" ရှင့်ကို ဒူးထောက်ခိုင်းနေတာမဟုတ်ဘူး
ဘယ်သူ့စီမှာမှလည်း သမီးဘဝကိုနစ်မြုပ်စရာမလိုဘူး
ကျွန်မပြောနေတာက ဒီယာတွေကိုရောင်းလိုက်ဖို့ .."

" မိတင် .."

အိမ်ရှေ့မှ အဖေနဲ့အဖေရဲ့တိုးကြိတ်တဲ့စကားသံတွေက
အိမ်ခန်းထဲက ကုတင်ပေါ်မှာအိပ်နေတဲ့ လရိပ်ညိုထံကို
ခပ်တိုးတိုးဘဲ ပျံ့လွင့်လာခဲ့လေသည် ...။

သားသမီးစိတ်ဆင်းရဲမှာစိုးတဲ့အမေက
ငွေကြေးအခက်အခဲနဲ့ပတ်သက်ပြီး အဖေ့ရဲ့ဖြေရှင်းပုံကို
စိတ်တိုင်းမကျတာမို့ တဖျစ်တောက်တောက်နဲ့ပြောမဆုံး
ဖြစ်နေခဲ့လေသည် ..။

ယာတွေအပေါ်မှာ တန်ဖိုးထားခင်တွယ်လွန်းတဲ့အဖေက
သူ့ရဲ့ယာတွေဆုံးရှုံးရမှာစိုးတာကြောင့် အဆင်ပြေနိုင်မယ့်
အကောင်းဆုံးဖြစ်နိုင်မယ့်အဖြေတွေကို ရှာနေလေသည်။

ဆရာကြီးထံကို အကူအညီတောင်းလိုက်မှန်းကိုတော့
လရိပ်ညိုလည်း အခုမှ သိလိုက်ရလေသည် ။

" ကျွန်မပြောတာကို ရှင်နားလည်ပါကိုညိုမောင်ရယ်
ကိုကျောက်လုံးတို့ကို ဒီအကြွေးတွေဆပ်ပြီးတော့ရော
ဒီကိစ္စက ဒီနေရာမှာပဲပြီးသွားမှာတဲ့လား ဆရာကြီးတို့ကို
ဘယ်ငွေနဲ့ ပြန်ဆပ်ကြမလဲကိုညိုမောင် ရှင်စဥ်းစားဦး .."

" ဘာပဲဖြစ်ဖြစ် ကြွေးအေးနဲ့ကြွေးပူတော့ ကွာတာပေါ့
အတိုးချင်းအတူတူဆိုရင်တောင် ဆရာကြီးအကြွေးက
အချိန်ဆွဲထားလို့ရသေးတယ်မိတင် .. ကိုကျောက်လုံးက
ဒီမိုးကုန်ရင် သူ့ငွေတွေအကုန်လိုချင်တဲ့သဘောမှာရှိတယ် "

🌙 လရိပ်ညို 🌙 Where stories live. Discover now