Part 38

6.8K 105 0
                                    

" မေမေ .."

" ရှင့် .."

" သားသားတို့ဒီည ဖေဖေ့ကိုခေါ်အိပ်ရအောင်နော် .."

" ဟင် .."

" အဟွတ် အဟွတ် ..."

" အဟမ်း .."

ညနေစာထမင်းဝိုင်းမှာ သားလေးရဲ့စကားကြောင့်
လရိပ်ညိုမှာ မျက်လုံးပြူးသွားရသလို မောင်ကလည်း
ရေသောက်နေရာမှ သီးသွားလေသည် ..။

ဆရာကြီးကတော့ လက်ထဲမှဇွန်းကိုချပြီး
သားလေးကိုပြုံးကြည့်နေသလို မောင့်ကိုလည်း
မသိမသာအကဲခတ်နေလေသည် ...။

" ဖေကြီး .."

" ဟေ .. "

" ဖေဖေ့ကို သားသားတို့ရွာပြန်ရင် ခေါ်သွားမယ်နော် "

" မြေးက ဖေဖေ့ကိုခေါ်ချင်လို့လား .."

" ဟုတ် .. ခေါ်ချင်တယ်ဖေကြီး
မေမေ သားသားတို့ ဖေဖေ့ကိုခေါ်သွားမယ်နော် .."

" ဖေဖေက အခုလိုက်လို့မရဘူး
မေမေနဲ့သားသားနဲ့ဘဲ အရင်ပြန်ရမှာသားရဲ့
ဟိုမှာ ဦးနေတို့ကလည်း မျှော်နေကြတယ်လေ .."

" ................ "

သားလေးကို သူ့ပန်းကန်နဲ့သူထည့်ပေးထားတာမို့
ပန်းကန်ထဲမှထမင်းတွေကို တို့တို့တိတိခပ်စားနေရင်း
ဖအေကို ခေါ်ခွင့်မရတာမို့ နှုတ်ခမ်းလေးကစူနေသည် ။

ထိုပုံစံလေးကိုဘဲ သူတို့မှာကြည့်နေရင်းနှင့်
ဒီကလေးလေးကို ချစ်မဝနိုင်အောင်ဖြစ်နေကြရလေသည် ။

" သမီးတို့မနက်ကိုပြန်ရင်
ရွာကိုရောက်တဲ့အထိ ကားငှားသွားနော်
ကလေးနဲ့ဆိုတော့ ကားအဆင့်ဆင့်စီးရတာပင်ပန်းတယ်
အန်ကယ်လ်လည်း မနက်ဖြန်မှာ အရေးကြီးခွဲစိပ်မှုရှိလို့ပါ
သားကတော့ ကုမ္ပဏီကိုသွားရမယ် ..."

" ကျွန်တော်လိုက်ပို့လိုက်ပါမယ်ဒယ်ဒီရာ
သူတို့သားအမိနှစ်ယောက်ထဲ စိတ်မချပါဘူး .."

" ရပါတယ်မောင်ရဲ့ လရိပ်တို့အဆင်ပြေပါတယ်
နေဖုန်းကလည်း မြို့အထိလာကြိုနေမယ်တဲ့ .."

" မောင်အဆင်မပြေပါဘူး
သားကိုလည်းစိတ်မချဘူး မောင်လိုက်ပို့မယ် .."

🌙 လရိပ်ညို 🌙 Donde viven las historias. Descúbrelo ahora