" လရိပ်ညိုရေ .. လရိပ်ညို .. "
" ရှင် .."
ထမင်းအိုးတည်နေတဲ့လရိပ်ညိုမှာ
အိမ်ရှေ့ကခေါ်သံကြောင့် ထွက်ကြည့်လိုက်တော့
လက်ထဲမှာ ငါးလေးတွေကို ကြိုးနဲ့သီပီးဆွဲလာတဲ့
အရီးပုမကို တွေ့လိုက်ရလေသည် ...။" အရီးပုပါလား .. "
" အေး ဒီမှာ ညည်းအမေပြောသွားလို့
မနက်ကညည်းဦးလေး အင်းထဲသွားရှာတာ
ဘာမှမရခဲ့ဘူးလေ အဲ့ဒါအခုမှရလာလို့ လာပို့တာ
ညည်းဘာချက်လဲ "" လရိပ်ပဲသီးချက်တယ်အရီးပုရဲ့
အရီးပုငါးလာပေးရင်တော့ မောင်လေးတို့ဖို့
ကြော်ပေးထားလိုက်ရင် ကောင်းမလားလို့ ..."" အေးအေး ကောင်းတယ်
ဒါနဲ့ မယ်တင်တို့က ဘယ်နှရက်ကြာမှာတဲ့လဲ "" တညအိပ်လို့တော့ ပြောတာပါပဲအရီးပုရယ် .."
" အော် အေးပေါ့
ရန်ကုန်ဆိုတာက အဝေးကြီးကိုး
ညည်းက အဲ့ဒီရန်ကုန်မှာ ကျောင်းသွားတက်မလို့ဆို
ကြည့်လည်းလုပ်ပါဦး လရိပ်ညိုရယ် .."" အဲ့တာကြောင့် အမေတို့လိုက်သွားတာအရီးပုရဲ့
လရိပ်လည်း မသွားချင်ပါဘူး ဒါပေမယ့် ....."" လရိပ်ညိုရေ .. လရိပ်ညို ...."
အရီးပုနဲ့ လရိပ်ညိုတို့ စကားပြောနေစဥ်
အိမ်ခြံထဲကို ခပ်သုတ်သုတ်ပြေးဝင်လာသူက
လရိပ်ညိုတို့အိမ်ရဲ့ ခပ်လှမ်းလှမ်းကုန်ဆုံဆိုင်မှ
မမိုးသူဖြစ်နေလေသည်...။" မကြီးမိုးသူ ဘာဖြစ်လို့လဲ ..."
" ဒီမှာ ညည်းအမေ မယ်တင်ဖုန်းဆက်တယ်
ညည်းနဲ့ပြောချင်လို့တဲ့ အဲ့ဒါ ငါဖုန်းလာပေးတာ .."" ဟယ် .. အားနာလိုက်တာ မကြီးမိုးသူရယ်
လရိပ်ကို လူကြုံနဲ့မှာလိုက်တာတော့မဟုတ်ဘူး... "" အမလေးအေ ရပါတယ်
ရော့ ညည်းအမေပြန်ခေါ်လိမ့်မယ် ..."" ဟုတ် ဟုတ်ကဲ့မကြီးမိုးသူ
အရီးပုနဲ့ မကြီးမိုးသူတို့ ခဏထိုင်ကြဦးနော်
လရိပ် ထမင်းအိုးဆူနေလို့ သွားငှဲ့လိုက်ဦးမယ် ..."" နေနေ လရိပ် .. ငါငှဲ့ပေးထားမယ်
ညည်းအမေဖုန်းခေါ်လို့လွဲနေပါဦးမယ် စောင့်နေ .."
YOU ARE READING
🌙 လရိပ်ညို 🌙
Romanceအချစ်မှာ အပေးအယူဆိုတာ မရှိဘူးကမ္ဘာရဲ့ ငါ ဒါပေးလို့ ဒါပြန်ရ,ရမယ်လို့လည်း မမျှော်လင့်ရဘူး အချစ်ဆိုတာ ကိုယ်ချစ်တဲ့သူ အဆင်ပြေပျော်ရွှင်နေတာကို ဘေးနားက ကြည့်နေခွင့် ရတာနဲ့လည်း အချစ်ဖြစ်တာပဲ ။ ကျွန်တော်ကတော့ အမကြီးလို မတွေးဘူး ကိုယ်ချစ်တဲ့သူ ကိုယ့်ကို...