" ဆရာတို့ရောက်လာကြပြီလား "" အင်း မင်းပြန်လို့ရပြီ "
" ဟုတ်ကဲ့ ဆရာလိုအပ်ရင် လှမ်းခေါ်လိုက်ပါ "
" အင်း ရော့ .."
" ကျေးဇူးတင်ပါတယ်ဆရာ .."
အသက်နှစ်ဆယ်ကျော်အရွယ် ကောင်လေးသည်
မောင့်ကို ရိုရိုသေသေနှုတ်ဆက်ပြီး ထွက်သွားလေသည် ။ထိုကောင်လေးရဲ့ လက်ထဲမှာကိုင်သွားသည့်
အဖြူရောင်စာအိတ်လေးကိုကြည့်ခြင်းအားဖြင့်
မောင်ပေးလိုက်တာ ပိုက်ဆံတွေဆိုတာကို သိလိုက်သည် ။" လရိပ် ဆင်းလေ "
မောင်ကိုယ်တိုင်တံခါးဖွင့်ပေးပြီး
ဆင်းဖို့သတိပေးလိုက်တော့မှ လရိပ်ညိုလည်း
ကားပေါ်မှဆင်းဖို့အတွက်ကို သတိရတော့သည် ။ခြေညှပ်ဖိနပ်လေးကို ပြင်စီးလိုက်ပြီး
အင်ကျီခါးစပ်လေးကိုဆွဲချကာ ဖြန့်ချထားသည့်
ဆံနွယ်ရှည်တွေကို နားနောက်ကို သိမ်းညှပ်လိုက်သည်။ထမီအဖုံးလေးကို လက်နဲ့သပ်ခါလိုက်ပြီး
စလင်းဘတ်အိပ်ငယ်လေးကိုပြင်လွယ်လိုက်ကာ
မောင့်ဘေးမှာယှဥ်ရပ်လိုက်ရင်း အိမ်ကြီးကိုကြည့်လိုက်မိသည်။အပြာနုရောင် အရိပ်အငွေ့တွေ
လွှမ်းခြုံနေသည့်အိမ်ကြီးက မျက်စိရှေ့မှာ
မျက်ဝါးထင်ထင်မြင်နေရပေမယ့် အခုချိန်ထိ
နားမလိုသလိုဖြစ်နေတာမို့ မောင့်ကိုမော့ကြည့်လိုက်မိသည်။" မောင့် .. ဒါ ဘယ်သူ့အိမ်လဲဟင် "
" ဘယ်လိုလဲ လရိပ်သဘောကျရဲ့လား "
" ဟင် လရိပ်ကလား "
မအူမလည်ဖြစ်နေသည့်လရိပ်ညိုကို
မောင်က ကြည့်ပြီး နှစ်နှစ်ခြိုက်ခြိုက်ပြုံးလေသည် ။အရင်လို မောင့်အပြုံးတွေကို မငေးနိုင်အားဘဲ
ခြံကျယ်ကြီးထဲမှာ ထည်ဝါစွာရှိနေသည့်အိမ်ကြီးကိုသာ
မျက်လုံးအဝိုင်းသားဖြင့် ကြည့်နေမိလေသည် ။မောင့်ရဲ့စကားအသွားအလာအရ ဆိုရင်
ဒီအိမ်က မောင့်ရဲ့အိမ်ဆိုတာကို သဘောပေါက်လိုက်သည်။
YOU ARE READING
🌙 လရိပ်ညို 🌙
Romanceအချစ်မှာ အပေးအယူဆိုတာ မရှိဘူးကမ္ဘာရဲ့ ငါ ဒါပေးလို့ ဒါပြန်ရ,ရမယ်လို့လည်း မမျှော်လင့်ရဘူး အချစ်ဆိုတာ ကိုယ်ချစ်တဲ့သူ အဆင်ပြေပျော်ရွှင်နေတာကို ဘေးနားက ကြည့်နေခွင့် ရတာနဲ့လည်း အချစ်ဖြစ်တာပဲ ။ ကျွန်တော်ကတော့ အမကြီးလို မတွေးဘူး ကိုယ်ချစ်တဲ့သူ ကိုယ့်ကို...