" ဦးနေ အဲ့ဒါကြီးက စားလို့ရတာလား "" ရတယ်လေသမီးရဲ့ စားကြည့်ပါလား .."
" မဲမဲကြီးဦးနေရဲ့
စားလို့ဖြစ်ပါ့မလား မှူး တကယ်စားကြည့်ရမှာလား "တီလားဗီးယားငါးရဲ့ အသွားလွှာတွေကို
လက်ဖဝါးသေးသေးလေးထဲမှာ ထည့်ကိုင်ထားပြီး
စားချင်ပေမယ့် မစားရဲသလိုလေးဖြစ်နေပုံလေးကြောင့်
နေဖုန်းမှာ မီးတူးပြီး အနည်းငယ်မဲနေသည့်အသားတွေကို
စိတ်ရှည်လက်ရှည်ဖြင့် ယူခွာပေးနေမိလေသည် ။" မမဲပါဘူးသမီးရဲ့
အပေါ်ယံလေး မီးတူးသွားလို့ပါ
အရင်လို ဖုတ်ထားတာမျိုးမဟုတ်ပါဘူး
မီးခဲနဲ့ သေသေချာချာလေး ကင်ပေးထားတာ ရော့ "ပါးစပ်းနားအရောက် ခွံပေးလိုက်ပေမယ့်
ခေါင်းလေးကိုတိမ်းပြီး ရှောင်သွားတာကြောင့်
ရှေ့မှာရှိနေသည့်ပန်းကန်ထဲကို ထည့်ပေးလိုက်ရသည်။ဒီရန်ကုန်သူသေးသေးလေးက
ဒီနှစ်မှ နေဖုန်းတို့ရွာကို ရောက်လာခြင်းဖြစ်သည် ။ဆရာကြီးဦးမင်းတင်ထွဋ်နဲ့
သူ့အမျိုးသမီး ဒေါ်ကေသရီတို့ရဲ့ သမီးလေး ။တနည်းပြောရရင်
သူ့ယောက်ဖ,မင်းကမ္ဘာရဲ့ ညီမလေးပေါ့ ။ဘုန်းလေးနဲ့ သာယာလေးတို့က
တနှစ်ကိုတခေါက်ကတော့ မဖြစ်မနေလာကြတာမို့
ရွာနှင့် စိမ်းသက်မနေဘဲ ရင်းနှီးနွေးထွေးကြပေမယ့်
ဒီကလေးမလေးကတော့ ဒီနှစ်မှသာ လိုက်လာခြင်းမို့
သူ့မှာ အစစအရာရာ ဂရုစိုက်ပေးနေရသည် ။နေဖုန်းကိုလည်း သာယာတို့ခေါ်သလို
ဦးနေလို့သာခေါ်တာမို့ သူ့မှာ တူမ တယောက်
ထပ်တိုးရထားသလိုမျိုးဖြစ်နေသည် ။ရွာကိုရောက်စ,က မင်းကမ္ဘာရဲ့ပုံစံအတိုင်း
ရွာရဲ့ဓလေ့နဲ့အထာတွေကို စိမ်းသက်နေတာမို့
ဘာကျွေးကျွေး မျက်လုံးပြူးလေးနဲ့ကြည့်နေတတ်သည်။အခုလည်း သာယာလေးက
ငါးမီးဖုတ်လို့ ပြောထားတာကြောင့်
စားချင်နေတာကိုမစားသေးဘဲ နှုတ်ခမ်းလေးကို
ဖွင့်လိုက်ပိတ်လိုက်နှင့်လုပ်ပြီး မျက်တောင်လေးတွေက
တဖျတ်ဖျတ်ပုတ်ခတ်နေလေသည် ။
![](https://img.wattpad.com/cover/352656979-288-k231823.jpg)
YOU ARE READING
🌙 လရိပ်ညို 🌙
Romanceအချစ်မှာ အပေးအယူဆိုတာ မရှိဘူးကမ္ဘာရဲ့ ငါ ဒါပေးလို့ ဒါပြန်ရ,ရမယ်လို့လည်း မမျှော်လင့်ရဘူး အချစ်ဆိုတာ ကိုယ်ချစ်တဲ့သူ အဆင်ပြေပျော်ရွှင်နေတာကို ဘေးနားက ကြည့်နေခွင့် ရတာနဲ့လည်း အချစ်ဖြစ်တာပဲ ။ ကျွန်တော်ကတော့ အမကြီးလို မတွေးဘူး ကိုယ်ချစ်တဲ့သူ ကိုယ့်ကို...