Part 9

2.4K 86 11
                                    

" လရိပ်ညိုရေ .. သွားမယ်ဟေ့  .."

အိမ်ရှေ့မှဦးတုတ်ကြီးရဲ့အသံကြောင့်
သနပ်ခါးလိမ်းနေဆဲဖြစ်တဲ့ လရိပ်ညိုမှာ
ကမန်းကတန်းဘဲ အိမ်ရှေ့ထွက်လာခဲ့ရလေသည် ။

" ဆေးခန်းက ဆရာကြီးရဲ့သားကို
အရင်သွားခေါ်လိုက်ပါလားဦးတုတ်ကြီးရယ်
လရိပ် ဒီမှာ အိပ်ယာထ,နောက်ကျသွားလို့ ..."

" အေးအေးအေး ..
အဲ့တာဆိုလည်း ငါသွားခေါ်လိုက်မယ်  ..."

ဒီနေ့မှာတော့ လရိပ်ညိုတယောက်
ရန်ကုန်ပြန်ရဖို့ ရက်ချိန်းစေ့လာခဲ့လေသည် ။

မင်းကမ္ဘာကလည်း မနက်ဖြန်ဆိုရင်
ကျောင်းကပြန်ဖွင့်ပြီမို့ ပြန်မှရတော့မည် ။

ရွာမှာ အပျော်ကြီးပျော်နေတဲ့ မင်းကမ္ဘာမှာတော့
တချိန်လုံး လရိပ်ညိုတို့အိမ်မှာပဲ ရှိနေခဲ့သည် ..။

နေဖုန်းနဲ့အတိုင်အဖောက်ညီနေသလို
ဘယ်သွားမယ် ဘာလုပ်မယ်ဆိုတာကအစ,
တက်ညီလက်ညီ ရှိနေကြလေသည်  ..။

အိမ်မကပ်တဲ့ သားဖြစ်သူကို ဦးမင်းတင်ထွဋ်မှာလည်း
မင်းကမ္ဘာကို ဖုန်းဆက်ပြီးခေါ်ရတဲ့အထိဖြစ်နေသည် ။

" ဒယ်ဒီမလိုက်လို့ရရဲ့လားသား
မြို့က ကားဂိတ်အထိ လိုက်ပို့ပေးမယ်လေ .."

" ရပါတယ်ဒယ်ဒီရ
အမကြီးလည်းပါနေတာဆိုတော့ စိတ်ချပါ .."

" သားရဲ့တီငယ်လာကြိုနေလိမ့်မယ်
ဟိုရောက်တာနဲ့ ဖုန်းဆက်လိုက်ဦးနော် .."

" နောက်တခါကျရင် တီငယ့်ကိုပါ ခေါ်ခဲ့မယ် "

ကျောပိုးအိတ်ကိုဇစ်ဆွဲပြီး
တက်ကြွနေတဲ့သားဖြစ်သူကြောင့်
ဦးမင်းတင်ထွဋ်မှာ စူးစိုက်​ပြီးကြည့်နေမိလေသည် ။

" တီ .. တီ .."

ဆေးခန်းရှေ့ကိုရောက်လာတဲ့ကားက
အသံကွဲကြီးနဲ့ ဟွန်းတီးလိုက်တာကြောင့်
မင်းကမ္ဘာတို့သားအဖ ထွက်လာခဲ့ကြလေသည် ။

" ဆရာကြီး မလိုက်ဘူးလားဗျ .."

"မလိုက်တော့ဘူး ကိုတုတ်ကြီးရေ
ကျွန်တော် ဟိုဘက်ရွာကို လူနာသွားကြည့်ပေးရဦးမှာ "

🌙 လရိပ်ညို 🌙 Where stories live. Discover now