" ကိုကို .. ဆင်းမလာသေးဘဲ ဘာလုပ်နေတာလဲ
ဒီမှာ မေဗလ်နဲ့တီငယ်တောင် နေရာချလို့ပြီးတော့မယ် "ဟင် ။
လရိပ်ညို ကားနားရောက်လာစဥ်မှာဘဲ
ခြံထဲမှပြေးထွက်လာသည့်ကောင်မလေးက
လရိပ်ညိုရောက်နေသည့်ကားအနားကို လာပြီး
ကားထဲသို့ ငုံ့ကြည့်ပြီးပြောသလို လရိပ်ညိုကိုလည်း
စူးစမ်းသလိုအကြည့်လေးနဲ့ လှမ်းကြည့်လာသည် ။" လာပြီမေဗလ်ရဲ့ ကိုကိုဒီမှာ ဖုန်းပြောနေလို့ "
" ............... "
ပွင့်လာသည့်ကားတံခါးအတွင်းမှ နက်ပြောင်နေတဲ့
ရှူးဖိနပ်ကိုစီးထားတဲ့ ခြေထောက်တဖက်ကျလာခဲ့ပြီး
သြရှတဲ့စကားသံနဲ့အတူ လူတယောက်ထွက်လာသည် ။ဆံပင်တိုတွေထဲကို လက်တဖက်နဲ့ထိုးသင်ပြီး
ပုံစံကျစွာ ထွက်လာတဲ့သူက ခန့်မှန်းရခက်အောင်
မျက်မှန်အနက်ကိုလည်း တပ်ထားပြန်သည် ..။ကားတံခါးဘောင်ကို ဆုပ်ကိုင်ထားတဲ့လက်တွေက
လိုတာထက်ကိုပြီး ဖိဆုပ်ထားသည်လို့ ထင်မိပြန်သည် ။လက်ခုံပေါ်မှအကြောတွေကိုတောင် မြင်နေရသည် ။
သို့ပေမယ့်
ဘယ်လောက်နှစ်တွေခြားခြား
ဘယ်လောက်အချိန်တွေဘဲကြာကြာ
ဒီအသံ ဒီပုံစံနဲ့ ဒီအငွေ့အသက်တွေက
လရိပ်ညိုအတွက်တော့ အခုထိရင်းနှီးနွေးထွေးနေဆဲပါပဲ ။မောင် ..။
" .............. "
ရင်ထဲမှာ အသံကျယ်ကျယ်နဲ့ တချက်ခုန်သွားသည် ။
ဦးနှောက်နဲ့ နှလုံးသားထဲမှာ
စီးဆင်းနေသည့် သွေးတွေထဲမှာတော့
အပူလှိုင်းတချို့ ဖျတ်ခနဲရောယှက်စီးဝင်သွားကြသည် ။" ကိုကို .. ဟိုမှာ .."
အဝါရောင် စကပ်တိုလေးကို
ဖြူဖျော့ဖျော့ကိုယ်ကြပ်လေးနဲ့ဝတ်ထားတဲ့
ကောင်မလေးက မောင့်လက်ကိုဖက်လိုက်ပြီး
လရိပ်ညိုတို့ထံကို မေးငေါ့ပြလာသည် ...။လရိပ်ညိုမှာ ရုတ်တရက် ဘာလုပ်ရမှန်းမသိသလို
ချီထားသည့်သားလေးကလည်း မောင့်မျက်နှာကိုသာ
မျက်လုံးပြူးလေးနဲ့ လှမ်းကြည့်နေရှာသည် ...။

ESTÁS LEYENDO
🌙 လရိပ်ညို 🌙
Romanceအချစ်မှာ အပေးအယူဆိုတာ မရှိဘူးကမ္ဘာရဲ့ ငါ ဒါပေးလို့ ဒါပြန်ရ,ရမယ်လို့လည်း မမျှော်လင့်ရဘူး အချစ်ဆိုတာ ကိုယ်ချစ်တဲ့သူ အဆင်ပြေပျော်ရွှင်နေတာကို ဘေးနားက ကြည့်နေခွင့် ရတာနဲ့လည်း အချစ်ဖြစ်တာပဲ ။ ကျွန်တော်ကတော့ အမကြီးလို မတွေးဘူး ကိုယ်ချစ်တဲ့သူ ကိုယ့်ကို...