Part 33

2.4K 40 2
                                    

" လရိပ် ဆရာကြီးပြန်မလာသေးဘူးလား .."

" ဒီနေ့တော့ ပြန်လာမယ်ပြောတာဘဲ  .."

" လရိပ်  .."

" ဟင်  .."

" နေ့လည်ကျရင် ကိုယ်နဲ့ဆိုင်ကိုလိုက်ခဲ့ပါလား .."

" မလိုက်တော့ဘူးနေပိုင်ရဲ့
လရိပ်ထမင်းချိုင့်ပါလာတယ်လေ .."

" ထားခဲ့ပါလရိပ်ရယ်
ကိုယ်နဲ့တခါလောက်ဘဲဖြစ်ဖြစ်
ထမင်းအတူတူလိုက်စားပါလား တောင်းဆိုတာပါ "

" ............... "

လရိပ်ညိုမှာ နေပိုင့်ရဲ့စကားတွေကို
မကြားချင်ယောင်ဆောင်ပြီးသာ နေလိုက်ရသည် ။

ဆရာကြီးနဲ့တွေ့မှရမယ့်လူနာတွေကို
နောက်နေ့ပြန်ချိန်းပေးပြီး တော်ရုံလူနာတွေကိုတော့
နေပိုင်ကစမ်းသပ်လိုက် လရိပ်ညိုက ဆေးပေးလိုက်နဲ့
တဖြည်းဖြည်း အလုပ်ထဲမှာ စိတ်ကိုနှစ်ထားလာနိုင်ခဲ့သည် ။

အကူတယောက် ထပ်ရောက်မယ်ဆိုပေမယ့်
အခုထိမရောက်သေးတာမို့ ဆရာကြီးလည်းမရှိချိန်မှာ
နေပိုင်နဲ့လရိပ်ညိုတို့ နားချိန်မရှိအောင်ဖြစ်နေရလေသည်။

ကလေးလူနာတွေရောက်လာတိုင်း
သားလေးအိမ်မှာအဆင်ပြေရဲ့လားလို့
စိတ်က အိမ်ကိုပြန်ရောက်သွားရပြန်သည် ။

မောင်က သားလေးအပေါ်မှာ
လိုလိုချင်ချင်ရှိနေတာမို့ တော်ပါသေးသည် ။

သားလေးကိုတော့ ချစ်သလိုအမူအယာတွေပြပြီး
လရိပ်ညိုအပေါ်မှာမှ ဘုဂလန့်ဂွစာတွေလုပ်နေတဲ့မောင့်ကို
လရိပ်ညိုမှာ နားမလည်နိုင်လောက်အောင်ဖြစ်နေသည် ။

ဆရာကြီးလည်း ရောက်မလာသေးသလို
အန်တီကေသရီနဲ့လည်း သေချာမပြောရသေးတာမို့
မောင်နဲ့လရိပ်ရဲ့အခြေအနေက ဒီနေရာမှာဘဲ ရပ်နေခဲ့သည်။

မောင်တယောက်ထဲဆိုရင်တော့
ပွင့်ပွင့်လင်းလင်းနဲ့ ဖြေရှင်းပြစ်လိုက်မှာဆိုပေမယ့်
မေဗလ်ဆိုသည့်မိန်းကလေးတယောက် ရှိနေတာမို့
လရိပ်ညိုမှာ စဥ်းစားဆုံးဖြတ်ရတွေ ခက်နေခဲ့လေသည် ။

မောင့်ကို မျှော်လင့်ခဲ့တယ်ဆိုပေမယ့်
မောင်ရွေးချယ်လိုက်တာက မေဗလ်ဆိုရင်
လရိပ်ညို သားလေးကိုပိုက်ပြီး နောက်ဆုတ်ပေးပါမည်။

🌙 လရိပ်ညို 🌙 Hikayelerin yaşadığı yer. Şimdi keşfedin