" နည်းနည်းတော့မျက်နှာပူဖို့ကောင်းပေမယ့်
ဒယ်ဒီတို့ မနက်ဖြန်တရားရုံးမှာလက်မှတ်ထိုးကြမလို့ "မိသားစုအစုံအညီ ညစာစားကြချိန်မှာတော့
ဒယ်ဒီက တီငယ်နဲ့လက်ထပ်မယ့်အကြောင်းကို
သူနဲ့အမကြီးကို အသိပေးဖွင့်ပြောလာခဲ့လေသည် ။ဒယ်ဒီ့မျက်နှာက တည်တည်ငြိမ်ငြိမ်နဲ့
အသေအချာဆုံးဖြတ်ပြီးပုံဖြစ်ကာ တီငယ်ကတော့
ရှက်နေတဲ့အရိပ်အယောင်လေး အနည်းငယ်ရှိနေသည်။နှစ်ပေါင်းများစွာ မျှော်လင့်ခဲ့ရသည့်လူတယောက်ထံမှ
အခုလို ချစ်ခြင်းမေတ္တာတွေကိုဖမ်းဆုပ်ခွင့်ရချိန်မှာတော့
တီငယ့်ရင်ထဲကခံစားချက်ကို ကောင်းစွာနားလည်ပါသည်။ကိုယ်ချစ်ရတဲ့သူထံမှာ
ကိုယ့်အတွက် မေတ္တာတွေရှိနေတာကလည်း
ဘဝမှာ နေပျော်နိုင်ခြင်းတွေထဲက တခုပါပဲ ။စိတ်အနာတွေအများကြီးဖြစ်ခဲ့ရပေမယ့်
အချစ်တွေနဲ့ကုစားခွင့်ရတော့မယ့်ဒီအချိန်မှာ
တီငယ်တယောက် ဘယ်လောက်ထိပျော်နေလိမ့်မလဲ ။အခုထိ နုညက်လှပ,နေသေးသည့်မျက်နှာပေါ်မှာ
ပန်းသွေးရောင်လေးပြေးနေတာကလည်း အချစ်ပဲပေါ့ ။သူကျေနပ်စွာ ပြုံးလိုက်မိပါသည် ။
" မျက်နှာပူစရာမဟုတ်ပါဘူးဒယ်ဒီရာ
မဂ်လာသတင်းမို့ မဂ်လာရှိရှိရင်ဆိုင်လိုက်စမ်းပါ "" သားတို့သဘောကရော .."
" မေးနေစရာလိုသေးလို့လားဒယ်ဒီရာ
ကျွန်တော့ဆန္ဒကို ဟိုးအရင်ကတည်းက
ဒယ်ဒီ့ကိုပြောခဲ့ပြီးသားမဟုတ်လား ဒယ်ဒီတနေ့နေ့
နောက်တယောက်ကို လက်ထပ်မယ်လို့ စဥ်းစားတဲ့အခါ
တီငယ့်ကိုဦးစားပေးပေးပါလို့ပြောခဲ့တယ်မို့လား ..."" ဒယ်ဒီအများကြီးစဥ်းစားခဲ့တာပေါ့ ဒါပေမယ့်
ဒယ်ဒီ့ဘဝမှာ အရေးအကြီးဆုံးက သားပဲဖြစ်ခဲ့တာ "အခုချိန်မှာတော့ ဒယ်ဒီ့ရဲ့စကားကို
သူ အကြွင်းမဲ့ယုံကြည်နေပါသည် ။သူ့ကြောင့်နဲ့မို့ ဒယ်ဒီ့မှာ
အမှားဆိုတာတွေကို အများကြီးလုပ်ခဲ့ရတာတွေ ။

CITEȘTI
🌙 လရိပ်ညို 🌙
Dragosteအချစ်မှာ အပေးအယူဆိုတာ မရှိဘူးကမ္ဘာရဲ့ ငါ ဒါပေးလို့ ဒါပြန်ရ,ရမယ်လို့လည်း မမျှော်လင့်ရဘူး အချစ်ဆိုတာ ကိုယ်ချစ်တဲ့သူ အဆင်ပြေပျော်ရွှင်နေတာကို ဘေးနားက ကြည့်နေခွင့် ရတာနဲ့လည်း အချစ်ဖြစ်တာပဲ ။ ကျွန်တော်ကတော့ အမကြီးလို မတွေးဘူး ကိုယ်ချစ်တဲ့သူ ကိုယ့်ကို...