ဆံပင်ရှည်တွေကို ခပ်လျော့လျော့လေးစီးချထားပြီး
ဘာတွေလုပ်နေမှန်းမသိတဲ့အမကြီးက မီးဖိုခန်းထဲမှာ ။မီးတွေကို အပြည့်ထွန်းမထားတာကြောင့်
ခပ်ဖျော့ဖျော့အလင်းရောင်ရဲ့ အောက်မှာတော့
အမကြီးက တလှုပ်လှုပ်နဲ့အလုပ်ရှုပ်နေပုံရလေသည်။အမှတ်သည်းခြေမရှိသည့်နှလုံးသားက
ဒီအခြေအနေမှာတောင် ထိန်းကျောင်းရခက်လာသည်။ဒီအချိန်ကြီး မီးဖိုခန်းထဲရှိနေတာက
ဘယ်သူ့အတွက်များ ဖြစ်ဦးမှာလဲ..။ ခင်များကတော့ ။" ဟင် .. မောင် .."
မျက်လုံးလေးပြူးပြီး နှုတ်ခမ်းလေးပွင့်ဟသွားကာ
အသံမကြားရပေမယ့် အခေါ်အဝေါ်ကိုခန့်မှန်းမိနေသည်။" အဟမ်း .. ဗိုက် ဗိုက်ဆာလာလို့ .."
ဆံပင်တွေကိုဆွဲကုတ်ပြီး
အခန်းထဲဝင်လာသည့်မောင့်ကို လရိပ်ညိုမှာ
ထိုင်ဖို့အတွက် ခုံကိုဆွဲထုတ်ပေးလိုက်မိသည် ။မနက်နိုးရင် စားဖို့အတွက်
ကြက်ပေါင်းလေးလုပ်ပေးနေစဥ် ရောက်လာတာမို့
လတ်တလော စားလို့အဆင်ပြေတာကို စဥ်းစားရပြန်သည်။" ဘာစားမလဲ ခေါက်ဆွဲလေးလုပ်ပေးရမလား .."
" အမကြီးက မအိပ်ဘဲ ဒီမှာဘာလုပ်နေတာလဲ .."
" ဟင် .."
စူအောင့်အောင့်ထွက်လာတဲ့စကားသံကြောင့်
လရိပ်ညိုမှာ မောင့်ကိုလှည့်ကြည့်လိုက်မိလေသည် ။ခုံပေါ်မှာ ကိုးရို့ကားယားထိုင်နေပြီး
မျက်မှောင်ကုတ်ပြီးကြည့်နေတာမို့ လရိပ်ညိုမှာ
ကိုယ့်အပြစ်ကိုယ် ပြန်စဥ်းစားကြည့်ရပြန်သည် ။" ဒီအချိန်ကြီးကို .."
" မနက်ကိုစားဖို့အတွက် ကြက်သားလေးပေါင်းနေတာ
အခုတော့စားလို့မရသေးဘူး ခေါက်ဆွဲလေးဘဲစားထားနော် "အပေါ်ခန်းထဲက ခေါက်ဆွဲတထုတ်ယူပြီး
စားလို့ကောင်းမယ့်အခြေအနေဖြစ်အောင်
သေသေချာချာလေး ပြင်ပေးနေမိလေသည် ။မေဗလ့်ထံမှ မေးခွန်းများစွာရရှိခဲ့ပြီး
မဟုတ်ပါဘူးဆိုတဲ့ ငြင်းဆိုမှုတခုသာ တုန့်ပြန်ခဲ့ကာ
လရိပ်ညိုမှာ အတွေးများစွာနဲ့ အိပ်မပျော်နိုင်ဖြစ်ခဲ့ရသည်။
YOU ARE READING
🌙 လရိပ်ညို 🌙
Romanceအချစ်မှာ အပေးအယူဆိုတာ မရှိဘူးကမ္ဘာရဲ့ ငါ ဒါပေးလို့ ဒါပြန်ရ,ရမယ်လို့လည်း မမျှော်လင့်ရဘူး အချစ်ဆိုတာ ကိုယ်ချစ်တဲ့သူ အဆင်ပြေပျော်ရွှင်နေတာကို ဘေးနားက ကြည့်နေခွင့် ရတာနဲ့လည်း အချစ်ဖြစ်တာပဲ ။ ကျွန်တော်ကတော့ အမကြီးလို မတွေးဘူး ကိုယ်ချစ်တဲ့သူ ကိုယ့်ကို...