Part 35 🖤

4.9K 58 0
                                    

" လရိပ် ရွာပြန်ပါရစေဆရာကြီး.. "

" မောင်တောင်းပန်ပါတယ်ဆိုကွာ .."

" မင်းအသာနေစမ်းသား
သမီးလရိပ်ညိုကို အန်ကယ်လ်တခုပြောမယ်
သမီးရဲ့စိတ်ကိုလည်း အန်ကယ်လ်နားလည်ပါတယ်
ဒါပေမယ့် မြေးလေးကိုလည်း ထည့်တွက်ရမယ်လေ .."

" သားသားကို လရိပ်စောင့်ရှောက်နိုင်ပါတယ် .."

" လရိပ် .."

" သိတယ်သိတယ်
သမီးရဲ့အရည်အချင်းနဲ့သတ္တိကို အန်ကယ်သိတယ်
အန်ကယ်လ်တို့ဘက်ကလည်း အများကြီးမှားခဲ့တာဆိုတော့
သမီးဆန္ဒကိုလည်း အန်ကယ်လ်ထည့်စဥ်းစားပေးပါ့မယ် "

" ဟာ ဒယ်ဒီ့ အဲ့ဒီလိုမလုပ်နဲ့လေ ..
လရိပ် မောင်လက်မခံဘူးနော် မသွားရဘူး .."

ဒယ်ဒီက သားလေးကိုရင်ခွင်ထဲမှာထည့်ထားပြီး
အမကြီးကတော့ မျက်လွှာလေးချပြီး ငြိမ်နေသည် ။

သူ့မှာတော့ ဆိုဖာပေါ်မှာ
ထိုင်မလိုထမလိုနဲ့ အလုပ်ရှုပ်သွားရသည် ။

" သား .. မင်း ငြိမ်ငြိမ်နေစမ်း .."

" ဘယ်လိုငြိမ်ငြိမ်နေလို့ရမှာလဲဒယ်ဒီရာ
အမကြီးက ကျွန်တော့်ကိုစွန့်ပြစ်ဖို့လုပ်နေပြီ
ဒယ်ဒီကပါ မတားဘဲနဲ့ ဘာတွေသွားပြောနေတာလဲ "

" မင်းလဲ နည်းနည်းလောက်တော့ ပြန်ခံစားကြည့်ပေါ့
သမီးလရိပ်ညိုက မြေးလေးတသက် ခံစားလာခဲ့ရတာလေ "

" ဟား .. ဒယ်ဒီရေ .."

မင်းကမ္ဘာမှာ နေမထိထိုင်မသာဖြစ်လာကာ
ဆံပင်တွေထဲကို လက်နဲ့စုံထိုးထည့်လိုက်မိသည် ။

ဒယ်ဒီကတော့ အမကြီးကိုကြည့်ပြီး
ခပ်အေးအေးဘဲ ပြောလာခဲ့လေသည် ။

" သမီးစိတ်ကို အန်ကယ်လ်နားလည်တယ်
ကိုယ်ချင်းလည်းစာတယ်သမီးရယ် ဒါပေမယ့်ကွာ
အန်ကယ်လ်က သမီးမေဗလ်ကိုလည်းလိုက်ပို့ရဦးမှာ
ကေကေလည်း ဟိုမှာကျန်ခဲ့တဲ့ကိစ္စတွေပြီးပြတ်အောင်
ခဏတော့ပြန်ရဦးမှာသမီးရဲ့ .. အဲ့ဒီတော့သမီးရယ်
အန်ကယ်တို့ဟိုကိုသွားနေတုန်း သမီးရွာကိုမပြန်ပါနဲ့ဦး
သားမှာလည်း ဒါဏ်ရာကြီးနဲ့ဆိုတော့ အန်ကယ်လ်စိတ်ပူလို့ပါ
မြေးလေးကလည်း ကျောင်းပိတ်ဖို့သိပ်မလိုတော့ဘူးမို့လား
အဲ့ဒီတော့ အန်ကယ်လ်တို့ပြန်ရောက်တဲ့အချိန်နဲ့ မြေးလေး
ကျောင်းပိတ်တဲ့ရက်ကျမှ သမီးရွာကိုပြန်ပါလို့ပြောချင်တယ် "

🌙 လရိပ်ညို 🌙 Where stories live. Discover now