Part 1

10.4K 173 5
                                    

🌙 __ လရိပ်ညို __ 🌙

" လရိပ်ညိုရေ .. သမီး .. ရေခပ်ပြီးပြီလား .."

" ဟုတ် ခပ်​ပြီးသွားပြီလေအမေ
အမေဘာခိုင်းစရာရှိသေးလို့လဲ ပြောလေ .."

" မရှိပါဘူးအေ
အမေ ရွာထဲ ခဏသွားမလို့ပါ
အဲ့ဒါ သမီးမောင်လေးတွေပြန်လာရင်သာ .."

" ထမင်းခူးပေးရမှာမို့လား .."

" အေးအေး ဟုတ်တယ်
ဟင်းတွေက အမေထည့်ထားခဲ့ပြီးပြီ
ထမင်းသာထည့်ပေးလိုက် ကြားလားသမီး .."

" အင်းပါ ထည့်ပေးလိုက်မယ် ..."

" အေးအေး အဲ့ဒါဆို အမေသွားဦးမယ် .."

အမေက သူမှာစရာရှိတာတွေ မှာပြီးတာနဲ့
ထဘီကိုပြန်ပြင်ဝတ်ကာ ခြံဝိုင်းထဲကထွက်သွားလေသည်။

လရိပ်ညိုတို့ခြံဝိုင်းက ပေ၇၀ ပတ်လည်လောက်ရှိတာမို့
ခြံထဲမှာ လရိပ်ညိုစိတ်ကြိုက်ပန်းတွေကို စိုက်ထားနိုင်သည်။

ပန်းစိုက်တဲ့နေရာမှာတော့ အမေရော လရိပ်ညိုပါ
ဝါသနာပါကြသူတွေဖြစ်တာမို့ သားအမိနှစ်ယောက်ရဲ့
ပန်းဥယာဥ်ကမ္ဘာလေးက အမြဲမွှေးပျံ့နေလေသည် ။

မိသားစုငါးယောက်နေထိုင်နိုင်ပီး
အတန်အသင့်ကျယ်ဝန်းတဲ့အိမ်လေးကတော့
ခြံရဲ့အလည်နားလောက်မှာ အဖေကဆောက်ပေးပီး
အိမ်ရဲ့အနောက်ဘက်မှာတော့ သီးပင်စားပင်တစ်ချို့ရှိ၏။

အိမ်ရှေ့နားနဲ့ အိမ်ခေါင်းရင်းဘက်မှာကတော့
လရိပ်ညို​ရဲ့လက်ရာဖြစ်တဲ့ စံပယ်ရုံတွေက နေရာယူနေသည်။

ပန်းတွေအများစုရှိတဲ့အထဲကမှ လရိပ်ညိုက
စံပယ်ဖြူတွေကို ပိုချစ်သည် ။ ပိုမြတ်နိုးသည် ။

အဖြူရောင်အဆင်းနဲ့ ရိုးရှင်းတဲ့ရနံ့လေးရှိတာမို့လည်း
ထိုစံပယ်​ဖြူလေးတွေကို လရိပ်ညိုသဘောကျလေသည် ။

အိမ်ရှေ့ဘက်ခြံစည်းရိုးနားမှာတော့
အမေသဘောကျတဲ့ ပင့်ကူသစ်ခွပင်တွေက
လှလှပပနဲ့ ဧည့်ကြိုလုပ်နေကြလေသည် ။

ခြံထဲကိုခြေချလိုက်တာနဲ့
အဲ့ဒီပင့်ကူသစ်ခွလေးတွေကို အရင်တွေ့ရမှာဖြစ်ပီး
ရနံ့သင်းတဲ့စံပယ်ဖြူရုံတွေကိုလည်း မြင်ရမှာဖြစ်သည်။

🌙 လရိပ်ညို 🌙 Where stories live. Discover now