Part 17

5.5K 113 8
                                    

" အမကြီး .."

" ခြေထောက်လက်ထောက်ဆေးဦး
လရိပ် အိပ်ယာသွားခင်းလိုက်ဦးမယ် .."

" ကျွန်တော်မအိပ်ချင်သေးဘူး
အမကြီးနဲ့ စကားတွေအကြာကြီးပြောချင်သေးတယ် "

" အဲ့ဒါဆို အိမ်ရှေ့ကွပ်ပြစ်မှာစောင့်နေ .."

" ............. "

" လိုက်မလာနဲ့နော် .."

စိတ်မချသလို လှည့်မှာလိုက်တဲ့အမကြီးကြောင့်
မင်းကမ္ဘာမှာ ရင်ခုန်စွာနဲ့ဘဲ ပြုံးနေမိလေသည် ...။

တကယ်ကို စည်းကမ်းတင်းလွန်းတဲ့အမကြီးပါပဲ ။

" .............. "

လသာရက်မဟုတ်တာမို့
ကောင်းကင်မှာ ကြယ်ရောင်လေးတွေသာရှိနေပြီး
ခပ်ဝါးဝါးမြင်နေရတဲ့ခြံထဲမှာ ညမွှေးပန်းနံ့လေးက
လေအဝှေ့မှာ အီအီလေး မွှေးပျံ့လာလေသည် ...။

ကွပ်ပြစ်ပေါ်မှာထိုင်ပြီး
မနက်ဖြန်များစွာအတွက်စဥ်းစားမိတော့
ရင်ထဲမှာ ပင်ပန်းနွမ်းနယ်သလို ဖြစ်သွားရသည် ။

မနက်ဖြန်တနေ့နေပြီးရင်
သူလည်း ရန်ကုန်ကိုပြန်ရတော့မယ် ။

ရှိုင်းတို့ကလည်း မနက်ဖြန်တနေ့ပဲနေပေးနိုင်တာမို့
သူတို့ပြန်တဲ့အချိန်ကို မင်းကမ္ဘာလည်း ပြန်မှဖြစ်မည်။

အမကြီးကတော့ ဘယ်တော့မှ ပြန်လာမယ်မသိ ။

တခါတည်းခေါ်သွားချင်ပေမယ့်
မဖြစ်နိုင်သလို အမကြီးကလည်း
လိုက်မှာမဟုတ်တာကို သိနေပါသည်.. ။

" ကမ္ဘာ .. ဗိုက်ဆာရင် ထမင်းစားပါလား
မကြီးမိုးသူပေးထားတဲ့ လက်ပံခေါင်းချဥ်ရည်ရှိတယ်
ကြက်သားကြော်လည်းရှိတယ် အမဲနှပ်လည်းရှိသေးတယ်"

အိမ်ပေါ်ကပြန်ဆင်းလာတဲ့အမကြီးက
ကွပ်ပြစ်မှာခြေချထိုင်နေတဲ့သူ့အနားကို
ပြန်ရောက်လာကာ ဘေးမှာယှဥ်ထိုင်လေသည် ။

" အမကြီးတို့အိမ်က
တအိမ်လုံး အမဲသားမစားကြဘူးဆို "

" ဟုတ်တယ်လေ .. မင်းစားဖို့အတွက်
မကြီးမိုးသူတို့အိမ်မှာ သွားချက်လာတာ "

အမကြီးဆိုတာ အဲ့ဒီလိုတွေးပေးတတ်တာပါ ။

နေဖုန်းပြောပြလို့
တအိမ်လုံး အမဲသားမစားဘူးဆိုတာသိရပြီး
အမကြီးကဆိုရင် ကိုင်တောင်မကိုင်ဘူးတဲ့.. ။

🌙 လရိပ်ညို 🌙 Hikayelerin yaşadığı yer. Şimdi keşfedin