Part 14

10.4K 141 4
                                    

" ရပြီ ရပြီ .. ရှေ့နားရောက်ရင် ရပ်လိုက်တော့ .."

" ကမ္ဘာ .. မင်း တကယ်ဆင်းနေခဲ့မှာလား .."

" အေး .. တကယ်ဆင်းမှာ .."

" ကမ္ဘာ မင်း ဖြစ်ပါ့မလား
မင်းဒယ်ဒီသိရင် ငါတို့ပါမလွယ်ဘူးနော် .."

" ဟုတ်တယ်နော် ကမ္ဘာ
မင်းကရော ဒီလောက်အဝေးကြီးကို
တယောက်ထဲသွားလို့ရော ဖြစ်ပါ့မလား .."

သူငယ်ချင်းတွေရဲ့ တယောက်တခွန်းစိုးရိမ်နေမှုတွေကို
မင်းကမ္ဘာကတော့ ဘာမှမဖြစ်သလို ပြုံးနေလေသည် ။

" မင်းတို့သာ နှုတ်လုံပစေကွာ
ကျန်တဲ့ကိစ္စ ငါ့ဘာသာဖြေရှင်းနိုင်တယ်
တကယ်လို့ ဒယ်ဒီသိသွားလည်း ငါပဲရှင်းမယ်
မင်းတို့က သွားစရာရှိတာကို ဆက်သွား အိုခေ .."

" မင်းက အဲ့ဒီရွာကို ဘာနဲ့သွားမှာလဲ
ရန်ကုန်နဲ့အဝေးကြီးဆို ဘယ်လိုသွားမှာလဲ .."

" ငါသွားတတ်တယ် စိတ်မပူနဲ့ ..
ဟိုးဟိုး ကားဆရာရေ ရပ်လိုက်တော့ဗျို့ .."

" ကမ္ဘာ .. "

" ကဲ သွားပြီသူငယ်ချင်းတို့
မင်းတို့ပြန်မယ့်ရက်ကို ငါ့ကိုဖုန်းကြိုဆက်လိုက်.. "

" အေးပါ .. တရက်ကြိုဆက်လိုက်မယ် .."

" အိုခေ .."

သူငယ်ချင်းတွေပါသွားတဲ့ကားကို
လက်လှမ်းပြနေရင်း ရင်တွေခုန်ပြီး ပျော်နေမိသည် ။

ဘော်ဒါတွေစုပြီးခရီးထွက်ရတာက
ပျော်ဖို့ကောင်းမယ်ဆိုတာ သိပေမယ့်လည်း
ထိုပျော်ရွှင်မှုထက် အမကြီးကိုတွေ့ချင်နေတဲ့
စိတ်တခုကသာ သူ့ကိုလွှမ်းမိုးနေလေသည် ..။

ဒယ်ဒီ့ကို လိမ်ခဲ့ရတာစိတ်မကောင်းပေမယ့်
ဒီလိုလိမ်ရတဲ့အထိ ဖြစ်လာခဲ့တာကလည်း ဒယ်ဒီပဲမို့
နှစ်ဦးနှစ်ဖက် မျှတတယ်လို့ပဲ ခံယူမိသည် ...။

အမကြီးတို့မြို့ကိုသွားရမယ့် ကားဂိတ်ကို
တက္ကစီငှားပြီးသွားတော့ ကံကောင်းစွာနဲ့ဘဲ
ထွက်ခါနီးဆဲဆဲ ကားတစီးကို မှီလိုက်သည် ..။

နေရာရအောင် အလျှင်အမြန်တက်ထိုင်လိုက်မိတော့
ဘယ်ရယ်မဟုတ် အမကြီးနဲ့လိုင်းကားတိုးစီးခဲ့ရတာကို
မျက်လုံးထဲမြင်ယောင်လာပြီး နာကျင်စွာပြုံးလိုက်မိ၏ ။

🌙 လရိပ်ညို 🌙 Where stories live. Discover now