" မင်းကမ္ဘာ.. သူက လရိပ်မောင်လေးလေ
နေဖုန်းမောင်တဲ့ မင်းနဲ့ အတန်းအတူတူပဲ .."" ဟုတ် ..."
" နာမည်က မင်းကမ္ဘာလား
ကမ္ဘာလို့ပဲခေါ်မယ်ကွာ ငါ့ကိုနေဖုန်းလို့ခေါ်ပေါ့ .."" အေး .."
" မင်းက ရန်ကုန်ကိုဘယ်တော့ပြန်မှာလဲ
ငါတို့က ကျောင်းသုံးရက်ပိတ်ထားတယ် မင်းတို့ရော "" အတူတူပဲလေ "
" ဒါဆို မပြန်သေးဘူးပေါ့
အဲ့တာဆိုအတော်ပဲ မနက်ဖြန်ကျရင်
ငါနဲ့ပေါက်ဖော် သူ့အဖေယာတောထဲလိုက်သွားမလို့
မင်းလည်းလိုက်ခဲ့လေ ဒီမှာမင်းတယောက်ထဲ ပျင်းနေမှာ "ခဏလေးအတွင်းမှာပဲ
နေဖုန်းနဲ့ မင်းကမ္ဘာတို့ ပွဲဖြစ်သွားကြလေသည် ။မြို့သားဖြူဖြူနွှဲ့နွှဲ့ကို တောထဲခေါ်နေတာမို့
လရိပ်ညိုမှာ မြေပဲခွာနေရင်းနဲ့ မောင်ဖြစ်သူကို
လှမ်းရိုက်လိုက်ရလေသည် ...။" ဟဲ့ ဘယ်ကိုလျှောက်ခေါ်နေတာလဲ
တောထဲလျှောက်မခေါ်နဲ့လေ သူ မသွားတတ်ဘူး .."" ဟာ မမကလဲ
ဒီမှာတနေ့လုံးနေခဲ့ရမှာ ပျင်းစရာကြီး
ကမ္ဘာ မင်းလိုက်မှာမို့လား အပြန်ကျရင်
ပေါက်ဖော်တို့အင်းထဲမှာ ငါးဝင်ဖမ်းကြမှာ "" နေဖုန်း နင်တော်တော်ကဲပါလား
ဘာလို့ သူများအင်းတွေထဲ လျှောက်ဖမ်းနေတာလဲ "" မမကလဲ သူများအင်းမဟုတ်ပါဘူးဗျ
ပေါက်ဖော်တို့အပိုင်အင်းပါ ဖမ်းနေကျ ဘာမှဖြစ်ဘူး "နေဖုန်းက ဂုဏ်ယူသလိုပြောကာ
မင်းကမ္ဘာကိုလည်း လိုက်ခဲ့ဖို့ အချက်ပြနေသည် ။မင်းကမ္ဘာကတော့ လရိပ်ညိုခွာကျွေးနေတဲ့
မြေပဲတွေကို တစွက်စွက်ဝါးရင်းနဲ့ နေဖုန်းကို
မသိမသာ ခေါင်းညိမ့်ပြနေသည် ...။အခုမှ အဖော်တွေ့သွားတာမို့
မင်းကမ္ဘာက နေဖုန်းကို ခင်သွားလေသည် ..။အိမ်ရှေ့ကွက်ပြစ်မှာ သူတို့သုံးယောက်ထိုင်ကာ
မြေပဲစားရင်း စကားပြောနေကြလေသည် ....။ဧည့်သည်က လူကြီးမဟုတ်တာမို့
အမေတို့က မင်းကမ္ဘာကိုလရိပ်ညိုနဲ့သာထားခဲ့ပြီး
မအိပ်ခင်မှာ အိမ်လည်ထွက်သွားကြသည်။
CZYTASZ
🌙 လရိပ်ညို 🌙
Romansအချစ်မှာ အပေးအယူဆိုတာ မရှိဘူးကမ္ဘာရဲ့ ငါ ဒါပေးလို့ ဒါပြန်ရ,ရမယ်လို့လည်း မမျှော်လင့်ရဘူး အချစ်ဆိုတာ ကိုယ်ချစ်တဲ့သူ အဆင်ပြေပျော်ရွှင်နေတာကို ဘေးနားက ကြည့်နေခွင့် ရတာနဲ့လည်း အချစ်ဖြစ်တာပဲ ။ ကျွန်တော်ကတော့ အမကြီးလို မတွေးဘူး ကိုယ်ချစ်တဲ့သူ ကိုယ့်ကို...