" ကျွန်တော်လည်း လိုက်မယ် .."
" ဟင် .. မင်းကမ္ဘာ.."
" အင်း .. အမကြီး ဦးလေးဆီသွားမလို့မဟုတ်လား "
" အင်း ဟုတ်တယ်လေ
လရိပ် အဖေ့ကို ထမင်းသွားပို့မလို့ .."" အဲ့ဒါ ကျွန်လည်း အမကြီးနဲ့လိုက်ခဲ့မယ် .."
" နေပူနေပြီမောင်လေးရဲ့ .."
" ရတယ် ကျွန်တော်လည်းလိုက်မယ် .."
အဖေ့ကိုထမင်းသွားပို့ဖို့ပြင်နေတဲ့ လရိပ်ညိုမှာ
ဆိုက်ဆိုက်မြိုက်မြိုက်ရောက်လာတဲ့ မင်းကမ္ဘာကြောင့်
အမေ့ကိုလည်း လှမ်းကြည့်လိုက်မိလေသည် ။" ခေါ်သွားလိုက်ပါသမီးရယ်
သားလေးပါတော့ သမီးလည်းအဖော်ရတာပေါ့ "" ဟုတ်တယ် အမကြီးတယောက်ထဲစိတ်မချဘူး "
" အံမယ် .. အားကိုးရမယ်ပေါ့ .."
" အားကိုးကြည့်လေလိုက် .."
" အမလေး သူ့အမကို လူဆွဲမှာစိုးနေတာ
ကဲကဲ လိုက်သွား လိုက်သွား ဦးထုတ်ဆောင်းသွားဦး "အမေပေးလိုက်တဲ့ ခမောက်ဦးထုတ်ကြီးကိုဆောင်းပြီး
ခြံအပြင်ရောက်အောင် သွားနှင့်နေတဲ့ကောင်လေးကို
လရိပ်ညိုမှာ ကြည့်ရင်းရယ်နေမိလေသည် ...။" သမီး လက်ဖက်ခြောက်ပါရဲ့လား .."
" ဟုတ် ပါတယ်အမေ .."
" အေးအေး ညည်းအဖေက ရေနွေးကြိုက်တယ်
ရောက်တာနဲ့ ရေနွေးအိုးအရင်တည်ပေးလိုက်နော် "" အင်းပါအမေရဲ့ .."
" သမီးမောင်လေးကိုတွေ့ရင်လည်း
အိမ်ပြန်ခေါ်လာခဲ့ဦး အဲ့ဒီကောင်လေးကလေ
ကျောင်းပိတ်ရက်လည်း အိမ်မှာကိုကပ်မနေဘူး ..
စာဆိုတာလည်း စိတ်ထဲမှာတောင်ရှိရဲ့လားမသိဘူး
မိဘတွေက ပံ့ပိုးပေးနေတာကို မကြိုးစားချင်ဘူး .."ဘူးပေါင်းများစွာနဲ့ စကားတွေပြောနေတဲ့အမေ့ကို
လရိပ်ညိုလည်း ကျောခိုင်းကာထားရစ်ခဲ့လေသည် ။သားသမီးတွေကို အမေက အဖေ့ထပ်ပိုပြီး
အလိုလိုက်တတ်တာမို့ အမေ့ကိုဆိုရင် မောင်လေးက
အရုပ်တစ်ရုပ်လို သဘောထားလေသည် ...။
YOU ARE READING
🌙 လရိပ်ညို 🌙
Romanceအချစ်မှာ အပေးအယူဆိုတာ မရှိဘူးကမ္ဘာရဲ့ ငါ ဒါပေးလို့ ဒါပြန်ရ,ရမယ်လို့လည်း မမျှော်လင့်ရဘူး အချစ်ဆိုတာ ကိုယ်ချစ်တဲ့သူ အဆင်ပြေပျော်ရွှင်နေတာကို ဘေးနားက ကြည့်နေခွင့် ရတာနဲ့လည်း အချစ်ဖြစ်တာပဲ ။ ကျွန်တော်ကတော့ အမကြီးလို မတွေးဘူး ကိုယ်ချစ်တဲ့သူ ကိုယ့်ကို...