" သားဘယ်လိုလုပ်မှာလဲ .."
" ဘာလုပ်ရမှာလဲတီငယ်
သူနေမကောင်းရင် သူ့ကိုပြုစုမယ့်သူရှိနေတာဘဲ
ကျွန်တော်က လိုသေးလို့လား လိုအပ်တော့လို့လား "" သားရယ် .. ဒီလိုတော့လဲ ဘယ်ဟုတ်ပါ့မလဲ .."
" ဘာလို့မဟုတ်ရမှာလဲ
သူက ဆရာဝန်တယောက်ဘဲ ပြီးတော့
သူ့ကိုအနီးကပ်ပြုစုမယ့် သူနာပြုလည်းရှိနေပြီလေ "ကေသရီ့မှာ ဘာမှဆက်မပြောနိုင်အောင်ဖြစ်နေရသည် ။
ကိုယ့်ရဲ့အတတ်နှင့် ကိုယ့်စူးတယ်ဘဲပြောရမလား ။
လရိပ်ညိုကို အကိုကြီးနဲ့လက်ထပ်သွားပြီလို့
သူမကိုယ်တိုင် သားလေးကိုအသိပေးခဲ့ပြီး အခုတော့
အကိုကြီးက ကျန်းမာရေးမကောင်းလို့ ပြန်လာကြပါလို့
သတင်းစကား ပါးလာချိန်မှာတော့ ကေသရီ့ရဲ့ရင်ထဲမှာ
စိုးရိမ်ပူပန်စိတ်တွေက ထိန်းမရသိမ်းမရ ဖြစ်လာရလေသည်။သားလေးကလည်း အိမ်ပြန်ဖို့ရာကို
ဘယ်လိုမှ ဦးတည်ပေးလို့မရအောင်ဖြစ်နေသည် ။ဒီအချိန်ကျမှလည်း
သားလေးကို အမှန်တရားတွေအားလုံးကို
ဖွင့်ပြောဖို့ဆိုတာက ပါးစပ်အပေါက်တရာရှိရင်တောင်
ပြောစရာစကားမရှိပါဘူးလို့ ပြောရမလိုပင်ဖြစ်နေသည် ...။အကိုကြီးကို နာကျည်းခဲ့မိလို့
သားလေးကိုလည်း အမုန်းစိတ်တွေသွင်းပေးခဲ့ပြီး
အခုတော့ သားလေးရဲ့စိတ်ထဲမှာ လရိပ်ညိုတင် မကဘဲ
အကိုကြီးအပေါ်မှာပါ နာကျည်းမုန်းတီးနေခဲ့လေသည် ။သားလေးရှိရင် အရာရာပြည့်စုံပြီလို့ထင်ခဲ့ပေမယ့်
အခုအချိန်မှာတော့ အကိုကြီးကိုသာစိတ်ပူနေမိသည် ။ကေ့ကိုခွင့်လွှတ်ပါအကိုကြီးရယ်.. ။
" .............. "
" ကိုကို မြန်မာပြည်ပြန်မလို့ဆို .."
" ဘယ်သူပြောလဲ .."
" တီငယ်ပြောတာ .."
" ............... "
မေဗလ်က သူ့ထံမှအဖြေကိုမျှော်လင့်နေပေမယ့်
မင်းကမ္ဘာကတော့ ဘာမှပြန်မပြောဘဲ ငြိမ်နေမိသည် ။
CZYTASZ
🌙 လရိပ်ညို 🌙
Romansအချစ်မှာ အပေးအယူဆိုတာ မရှိဘူးကမ္ဘာရဲ့ ငါ ဒါပေးလို့ ဒါပြန်ရ,ရမယ်လို့လည်း မမျှော်လင့်ရဘူး အချစ်ဆိုတာ ကိုယ်ချစ်တဲ့သူ အဆင်ပြေပျော်ရွှင်နေတာကို ဘေးနားက ကြည့်နေခွင့် ရတာနဲ့လည်း အချစ်ဖြစ်တာပဲ ။ ကျွန်တော်ကတော့ အမကြီးလို မတွေးဘူး ကိုယ်ချစ်တဲ့သူ ကိုယ့်ကို...