Part 41

5.3K 128 6
                                    

" မင်းကျောခိုင်းထားတဲ့ နေ့ရက်တွေမှာ
လရိပ်ညိုတယောက်ထဲ ဘယ်လောက်အထိ
ရုန်းကန်ခဲ့ရလဲဆိုတာ မင်းမသိဘူးကောင်လေး
ခန္ဓာကိုယ်က ကျန်းမာနေပေမယ့် စိတ်တွေကတော့
တော်တော်လေးပင်ပန်းခဲ့ရရှာတယ် သူ့ခမျာ မင်းကို
ချစ်လွန်းခဲ့လို့သာ ဒီခရီးကြမ်းကိုဆက်လျှောက်ခဲ့ရှာတာ
တော်ရုံမိန်းကလေးဆိုရင် ပြိုလဲနေခဲ့တာကြာပြီပေါ့ .."

" အမကြီး ရွာမှာအဆင်မပြေခဲ့ဘူးပေါ့
ကျွန်တော့်ကို သူပြောပြတဲ့အထဲမှာ ဒီလောက်ထိ
ဆိုးဆိုးရွားရွားအထင်သေးခံခဲ့ရတာတွေ မပါခဲ့ဘူး "

" မင်း စိတ်မကောင်းဖြစ်မှာစိုးလို့နေမှာပေါ့
လရိပ်ညိုဆိုတာ အဲ့ဒီလိုမိန်းကလေးဘဲကောင်လေး
တသက်လုံး မိဘစကားနားထောင်ပြီး လိမ္မာခဲ့တဲ့သူက
မင်းနဲ့ပတ်သက်ပြီးနောက်မှာ အများကြီးပြောင်းလဲသွားတယ်
မိသားစုတွေက အငိုတမျိုးအချော့တမျိုးနဲ့ အဲ့ဒီကလေးကို
မမွေးဖို့တားခဲ့ကြပေမယ့် လရိပ်ညိုက အမြဲခေါင်းခါခဲ့တယ်
အိမ်ကလက်မခံရင် ရွာကထွက်သွားမယ်ဆိုပြီးတော့လည်း
သတ္တိတွေကောင်းခဲ့သေးတာလေ  အဲ့ဒီကမိန်းကလေး .. "

" ကျွန်တော် အဲ့ဒါတွေလုံးဝမသိခဲ့ပါဘူးအစ်မရယ်
ကျွန်တော့်ခံစားချက်တခုထဲကိုဘဲ အမြဲတွေးခဲ့မိတယ်
သူများပြောတာကြားပြီး သူများပြသလောက်ပဲမြင်ခဲ့တယ်
တကယ့်လက်တွေ့ဘဝမှာ အမကြီးမှာ ဒီလောက်အထိ
ခက်ခဲပင်ပန်းလိမ့်မယ်လို့ တခါမှတွေးမကြည့်ခဲ့မိဘူး .."

အတိတ်တွေကိုတူးဖော်ကြည့်မိတော့
သူခံစားခဲ့ရတာတွေထက် အဆပေါင်းများစွာ
အမကြီးမှာ ပင်ပန်းခက်ခဲခဲ့တာကို သိခဲ့ရသည် ။

" သင်ခန်းစာတခုပေါ့ကောင်လေးရယ်
အဲ့ဒီအချိန်တုန်းက မင်းအသက်ကလည်း
ငယ်သေးတယ်မဟုတ်လား အဲ့ဒါတွေကြောင့်
လရိပ်ညိုက မင်းကိုပိုပြီးမထိခိုက်စေချင်ခဲ့တာနေမှာပါ
သူသာ ပွင့်ပွင့်လင်းလင်းထုတ်ပြောခဲ့ရင် ဒီလောက်အထိ
အရှက်တကွဲဖြစ်ခဲ့မှာမဟုတ်ပေမယ့်လည်း မင်းကတော့
ငယ်ငယ်ရွယ်ရွယ်နဲ့ အညွှန့်ကျိုးသလိုဖြစ်မှာအမှန်ဘဲ.. "

" ကျွန်တော်မကြောက်ပါဘူး
ဘာပဲကျိုးကျိုး ကျွန်တော်လက်ခံနိုင်တယ်
ကျွန်တော်နိုင်ငံခြားကိုမသွားဖို့ ငြင်းပါသေးတယ်
အမကြီးက မဖြစ်မနေသွားရမယ်လို့​ပြောလာခဲ့တယ်
ပြန်လာရင်လက်ထပ်ကြမယ်ဆိုပြီး ကတိတွေပေးတယ်
ကျွန်တော့်မှာ သူနဲ့လက်ထပ်ရမယ်ဆိုတဲ့ မျှော်လင့်ချက်နဲ့
တနေ့တနေ့ အားတင်းပြီးဖြတ်သန်းနေခဲ့ရတာပါ ဒါပေမယ့်
ဒယ်ဒီနဲ့လက်ထပ်လိုက်တယ်လို့ သတင်းကြားရတော့ဗျာ "

🌙 လရိပ်ညို 🌙 Donde viven las historias. Descúbrelo ahora