" အဟွတ် .. ဝေါ့ .. အား မိန်းမရေ .."
တဖက်အခန်းမှ အော့အန်သံကြောင့်
ထမင်းစားနေသည့်လရိပ်ညိုမှာ လန့်သွားရသည် ။
နံရံတွေကို အလုံကာပေးထားပေမယ့်
အိမ်ရှေ့ပေါက်မှာ ထွက်အန်နေတဲ့အသံက
နောက်ဖေးနားမှာ ထမင်းထိုင်စားနေတဲ့သူမအဖို့
ကောင်းစွာ ကြားနေရလေသည် ...။
" သေတော့မှာပဲ ရှင်သေတော့မယ်
ခံနိုင်ရည်လည်းမရှိဘဲနဲ့ ဘာလို့သောက်လာတာလဲ "
" ဝေါ့ .. အား .. အွတ်
သမီးရေ ဖေဖေ့ကိုရေတခွက်လောက်ကွာ .."
" ရှင် သမီးကိုခိုင်းစရာမလိုဘူး
သမီး လုပ်မပေးနဲ့ စာကျက်စရာရှိတာကျက် .."
မိသားစုသုံးယောက်မှာ
ယောကျ်ားရောမိန်းမရော အလုပ်ကိုယ်စီနှင့်ဖြစ်ကာ
ရှစ်နှစ်အရွယ်ကလေးမလေးက ကျောင်းပိတ်ထားပေမယ့်
မိဘတွေထွက်သွားတာနဲ့ သူလေးလည်း ပါသွားတတ်သည်။
ပြန်ရောက်လာရင်တော့
မိသားစုတွေ ဆူဆူညံညံနဲ့ ပျော်ဖို့လည်းကောင်းသလို
တခါတရံ ယောကျ်ားဖြစ်သူက အခုလိုမျိုးတွေဖြစ်လာသည်။
" လုပ်စမ်းပါမိန်းမရာ
ငါ့ကို သကြားရေလေးနည်းနည်းဖျော်ပေးစမ်းပါ .."
" အဲ့ဒီလိုမျိုးဖြစ်လာရင်
ကျွန်မက စေတနာကိုမရှိတာနော် သွား
ဘေးအခန်းတွေကိုလည်း အားနာပါဦးလား
မချယ်ရီကလည်း ဒီလိုမျိုးတွေကိုကြိုက်တာမဟုတ်ဘူး
အဆောင်တခုလုံးမှာ ရှင်နဲ့ကိုသက်နိုင်နှစ်ယောက်ပဲရှိတာ
ကျန်တာမိန်းကလေးတွေချည်းပဲ ရှင်လူလိုနားလည် ..."
" ဟာ ဒီမိန်းမစကားများလိုက်တာဟာ
ငါ့ဟာငါ တခါတလေသောက်တာ ဘာဖြစ်လဲ
ဘယ်သူ့ထိခိုက်နေလို့လဲ ဝေါ့ အား .. အဟွတ် .."
ရန်ဖြစ်သံ အော့အန်သံတွေကြားနေရတာမို့
လရိပ်ညိုမှာ နောက်ဖေးအပေါက်နားမှာထိုင်ကာ
ရင်ဘတ်ဖိနေရလေသည်။
အရက်သမားရဲ့ တဝေါ့ဝေါ့အသံတွေက
နားထဲမှာ ရွံရှာဖွယ်ကောင်းအောင် ဆိုးရွားနေသည်။
စားလက်စ,ထမင်းပန်းကန်ကို သိမ်းပြီး
ယုယအတွက်ထည့်ထားသည့်ဟင်းဘူးလေးကို
ခြင်းလေးထဲ ထည့်ထားလိုက်သည် ။
DU LIEST GERADE
🌙 လရိပ်ညို 🌙
Romantikအချစ်မှာ အပေးအယူဆိုတာ မရှိဘူးကမ္ဘာရဲ့ ငါ ဒါပေးလို့ ဒါပြန်ရ,ရမယ်လို့လည်း မမျှော်လင့်ရဘူး အချစ်ဆိုတာ ကိုယ်ချစ်တဲ့သူ အဆင်ပြေပျော်ရွှင်နေတာကို ဘေးနားက ကြည့်နေခွင့် ရတာနဲ့လည်း အချစ်ဖြစ်တာပဲ ။ ကျွန်တော်ကတော့ အမကြီးလို မတွေးဘူး ကိုယ်ချစ်တဲ့သူ ကိုယ့်ကို...
