Part 26

1.5K 33 1
                                    

နှမြောတသခြင်း ယူကျုံးမရခြင်းတွေနဲ့
ခြေလှမ်းတွေက မြေကြီးနဲ့ထိတယ်လို့မထင်ရတော့ပေ ။

ရင်ဘတ်ထဲမှနှလုံးသားတွေ ဆွဲနှုတ်ခံလိုက်ရသလို
အနှစ်နှစ်အလလက မျက်ရည်တွေလည်း စီးကျလာသည် ။

မိုက်လိုက်တာသမီးရယ် ။

ဘဝမှာ ဒီလောက်အထိ
အရှက်ကွဲပြီး ရင်နာရမယ့်အဖြစ်မျိုးက
ဒီတခါနဲ့ဘဲ လုံလောက်ပါတော့ ။ ရှိပါစေတော့ ။

" ............ "

" ကိုညိုမောင် ဘယ်လဲဗျ .."

" လယ်ထဲပါဗျာ .."

" မိုးချုပ်တော့မယ်လေဗျာ ဒီအချိန်ကြီး .."

" အင်း .."

ပုံမှန်နှုတ်ဆက်နေကျလူတွေကိုလည်း
မျက်လုံးခြင်းအဆုံမခံဘဲ ခပ်လွှဲလွှဲသာလုပ်နေရသည် ။

ဦးတည်ရာခြေလှမ်းတွေက လယ်စောင့်တဲဆီသို့သာ ။

စိတ်တွေက ဘယ်လိုမှအဆင်မပြေနိုင်တော့သည်မို့
အခုချိန်မှာ ဘယ်သူနဲ့မှမတွေ့ချင်တော့အောင်ဖြစ်နေသည် ။

မင်းကမ္ဘာ ။

သမီးအပေါ်မှာ တွယ်တာလွန်းတဲ့ကောင်လေးမို့
ထိလောက်အထိမိုက်ရိုင်းလိမ့်မယ်လည်းမထင်မိကာ
အခုတော့ ကိုယ့်သမီးမှာ ဗိုက်တလုံးနဲ့ကျန်ခဲ့ရပြီ ...။

ယောကျ်ားဆိုရင် ကြီးကြီးငယ်ငယ်
တယောက်မှစိတ်ချထားလို့မရပါလား ။

အဖေနဲ့ သား
ကိုယ့်သမီးအပေါ်မှာ ဘယ်လိုများတွေးရက်ကြတာလဲ ။

တချိန်လုံး လေးစားအားကျခဲ့ရတဲ့
ဆရာဝန်ကြီးဆိုတဲ့လူကလည်း နောက်ဆုံးတော့
သူ့အစွယ်ကို ထုတ်ပြလာခဲ့လေပြီ ...။

လူတွေက ကိုယ့်သွေးသားမှ တန်ဖိုးရှိလိုက်ကြတာ ။

ကိုယ့်ထိမှ နာတတ်ကြတာများလား ..။

အဖေ့ရင်တွေနာလိုက်တာသမီးရယ် ။

" ................. "

" ကိုကို ​ရောက်ပြီလေ "

" ဟင် အင်း .. ကျေးဇူးမေဗလ် "

ဇင်မေဗလ်မောင်းသည့်ကားပေါ်မှာ
အတွေးများစွာနှင့် လိုက်ပါလာခဲ့တဲ့မင်းကမ္ဘာမှာ
ကိုယ့်အိမ်ရှေ့ရောက်တာတောင် သတိမထားမိခဲ့ပေ ။

🌙 လရိပ်ညို 🌙 Where stories live. Discover now