[2]

5.8K 680 11
                                    

{Unicode}

ဆံပင်စတိုင်ပြောင်းခြင်း

၎င်းအသံထွက်ပေါ်လာသည်နှင့် တစ်ပြိုင်နက် အခန်းတစ်ခုလုံး သုသာန်ပမာ အသံတိတ်ကျသွားသည်။

အဖေယဲ့ သူ၏လက်ကို မြှောက်လိုက်ပြီး လက်ဖက်ရည်ခွက်ကို ယဲ့ဖေးဘက်သို့ ပစ်ပေါက်လိုက်သည်။ "မင်းဘာ‌ေ-ာက်စကားတွေ ပြောနေတာလဲ?!"

ခရမ်းရောင်သဲ*[၁]နှင့် ပြုလုပ်ထားသော လက်ဖက်ရည်ခွက်မှာ ယဲ့ဖေးခြေထောက်အနားသို့ ပြုတ်ကျလာပြီး တစ်စစီ ကြေမွသွားတော့သည်။ ခွက်ထဲက ပူပူနွေးနွေး လက်ဖက်ရည်တွေက သူ့ခြေချင်းဝတ်ကို စင်သွားသည်။ အရမ်းကြီး မပူသော်လည်း လောင်ကျွမ်းမှုကို ခံစားရသေးသည်။

ယဲ့ဖေး မတ်တပ်ထရပ်ပြီး လက်ဆန့်လိုက်သည်။ "ဒါဆိုလည်း မတတ်နိုင်ဘူးပေါ့"

"ငါထင်တာတော့ မင်းက ပြဿနာဖြစ်စေချင်နေတာပဲ" အဖေယဲ့သည် ယဲ့ဖေးအား လက်ညိုးငေါက်ငေါက်ထိုးပြီး အထက်စီးမှနေ၍ ပြောလေသည်။ "ဒီနေ့ ငါမင်းကို ပြောလိုက်မယ်, ဒီကိစ္စကို မင်းဟာမင်း လုပ်ချင်ချင် မလုပ်ချင်ချင် ဖြေရှင်းပေးရမယ်!"

ယဲ့ဖေး လှောင်ရယ်လိုက်ပြီး ဝင်ပြောတော့မယ့်အချိန်တွင် ယဲ့ယောင်၏ ကြားဖြတ်ဝင်နှောင့်ယှက်ခြင်း ခံလိုက်ရသည်။

"ယဲ့ဖေး, ပြောတော့ ကျွန်တော့်ကို အချစ်ဆုံးဆို." ယဲ့ယောင်သည် ကြီးမားသော အရှက်ရဖွယ် ကိစ္စတစ်ရပ်အား ကြုံလိုက်ရသလို သူ့ကို ခေါင်းမာစွာ စူးစိုက်ကြည့်လာသည်။ "ဒါက ခင်ဗျား ကျွန်တော့်ကိုချစ်တယ်ဆိုတာမျိုးလား?"

ယဲ့ဖေး, ယဲ့ယောင်ကို အေးစက်စက် ကြည့်လိုက်သည်။ သူ့အမေသေတုန်းက သူက နှစ်နှစ်ပဲရှိသေးတာ။ ယဲ့ယောင်က သူ့ထက် သုံးနှစ်ဘဲ ငယ်တာကြောင့် သူတို့နှစ်ယောက်က တူတူကြီးပြင်းလာတယ်လို့ ပြောလို့ရသည်။

နှစ်နှစ်ဆယ်လောက် တိရစ္ဆာန်တစ်ကောင်ကို ကျွေးမွေးပြုစုခဲ့ရင်တောင် ကြင်နာဖို့ သိလိမ့်မယ်။

ဒါဆို ယဲ့ယောင်ကရော?

ယဲ့ဖေး သူ့နှလုံးနဲ့ အဆုတ်တွေကို ယဲ့ယောင်အတွက် တူးဆွပြီး ထုတ်ပေးခဲ့ပေမယ့် အိပ်ယာထက် လဲသွားချိန် သူပြန်လည်ရရှိလိုက်သည်မှာ အငြိုးတကြီး ကျိန်ဆဲစကားများနှင့် သူဒုက္ခရောက်နေ၍ အားရကျေနပ်နေမှုတို့ ဖြစ်သည်။ အမြင်အားဖြင့် ကောင်းတယ်လို့ ထင်ရတဲ့ သူ့ရဲ့ ညီငယ်လေး သူ့အတွက် နက်ရှိုင်းတဲ့ အမုန်းတရားတွေ ရှိနေတယ်ဆိုတာ ယဲ့ဖေး ဘယ်တုန်းကမှ မသိခဲ့ပေ။ ခွေးတွေ ဝက်တွေထက်တောင် ဆိုးရွားနေတာကို ဘယ်လိုလုပ် သူ့ရဲ့ အချစ်ကိုရဖို့ ပါးထိုးပေးနိုင်တာလဲ?

ငါကွာရှင်းချင်တယ် [ဘာသာပြန်]Where stories live. Discover now