[20]

2.8K 460 18
                                    

{Unicode}

ကိုယ်မင်းအပေါ်ဘဲ ရက်ရော‌တာ

တစ်ရက်တာကုန်ဆုံးသွားသည့်တိုင် ယဲ့ဖေးသည် ယန်ရှောင်းကိုအဖြေမပေးခဲ့ပါ။ ရေသွားယူမည်ဟူသော မူမမှန်သည့်အကြောင်းပြချက်ဖြင့် သူထိုအကြောင်းအရာကို ရှောင်လိုက်သည်။

ကံကောင်းထောက်မစွာ ယန်ရှောင်းကလည်း ထိုကိစ္စကိုစွဲလမ်းမနေပေ၊ သူသည် သူ၏အတွေးများကို ဖော်ပြချင်ရုံမျှသာဖြစ်သည့်အတိုင်း ယဲ့ဖေး လက်ခံလာအောင် အတင်းအကျပ်မလုပ်ပါ။

ယဲ့ဖေး ရေခဲသေတ္တာဖွင့်လိုက်ကာ Mineral water ဘူးကိုထိလိုက်ရင်း ခဏတွေးလိုက်ပြီးနောက် ပြန်ချလိုက်သည်၊ ထို့နောက် အခဲကန့်ကိုဖွင့်၍ ရေခဲမုန့်ဘူးကိုထုတ်လိုက်၏။

ခဲနေသောစက္ကူဘူးမှာ ရေခဲတမျှအေးစက်နေကာ သူ၏ဗလာသက်သက်ဖြစ်နေသော ဦးနှောက်ကို ပြန်လည်ပတ်စေသည်။

ယန်ရှောင်းနှင့်ပတ်သက်ပြီး တစ်ခုခုမှားယွင်းနေပါ၏၊ သူ၏လှုပ်ရှားမှုတစ်ခုချင်းစီတိုင်းသည် ယဲ့ဖေးကိုတုန်လှုပ်စေသည်။ သူကသစ်သားတုံးတစ်တုံးဖြစ်နေလျှင်တောင်မှ ယန်ရှောင်း၏ စိတ်ရင်းမှန်းကိုခံစားနိုင်သည်။

သို့ပေမယ့်လည်း မသေချာနိုင်ပါ။ အဆုံးမှာတော့ ဤအရာများအားလုံးမှာ သူ့အတိတ်ဘဝတွင် လုံးဝမဖြစ်ပျက်ခဲ့ပါ။ ယခုဘဝတွင် တစ်ခုတည်းသောပြောင်းလဲသွားသည့်အရာမှာ သူ၏ပြန်လည်မွေးဖွားမှုသာဖြစ်ပြီး ယန်ရှောင်းက တစ်လအတွင်း သူ့ကိုချစ်မိသွားသည်ဟုဆိုလျှင် ယဲ့ဖေးမယုံပါ။

ယဲ့ဖေး ရေခဲသေတ္တာကိုမှီလိုက်သည်၊ သူစိတ်ပိုင်းဖြတ်လို့မရဖြစ်နေ၏။

"ယဲ့ဖေး" ယန်ရှောင်း၏အသံက အနောက်မှနေ၍ပေါ်လာသည်။ ယဲ့ဖေးခေါင်းလှည့်ကြည့်လိုက်၏။

"မင်းမစားချင်ဘူးလား?" သူ့လက်ထဲက ရေခဲမုန့်ကိုလက်ညိုးထိုးပြရင်း ယန်ရှောင်းကပြောသည်။ "အရည်‌ပျော်တော့မယ်"

ယဲ့ဖေး အောက်ငုံ့ကြည့်လိုက်သည်။ လေထုထဲရှိရေငွေ့များက ရေစက်ငယ်လေးများအဖြစ် စက္ကူဘူး၏မျက်နှာပြင်ပေါ်တွင် ငွေ့ရည်ဖွဲ့နေ၏။ ရေစက်များသည် သူ့လက်ချောင်းများကနေတစ်ဆင့် ကြမ်းပြင်ပေါ်သို့ တစ်စက်ပြီးတစ်စက်ကျနေသည်။

ငါကွာရှင်းချင်တယ် [ဘာသာပြန်]Where stories live. Discover now