{Unicode}
ကိုယ်မင်းကို နေ့တိုင်းတွေ့ချင်တယ်
"ဒါကမမှန်ဘူး, အဲ့လောက်လည်း မကြာခဲ့ပဲနဲ့!" ယဲ့ဖေး ရှေ့နောက်မစဉ်းစားဘဲ ပြောချလိုက်သည်။ သူတို့အမှန်တကယ် တစ်နာရီလောက်နမ်းခဲ့မယ်ဆိုရင် သူအသက်ရှုကျပ်တာကြာရောပေါ့. ဒီေ-ာက်ရေးမပါတဲ့သတင်းက လူတွေမျက်စိကျအောင် တမင်သက်သက် ချဲ့ကားရေးထားတာ!
ယန်ရှောင်း၏အာရုံမှာတော့ ၎င်းမှ လုံးလုံးလျားလျားကွဲထွက်နေ၏။ သူသည် ယဲ့ဖေးလက်ကို ဆုပ်ကိုင်လိုက်ရင်း ယဲ့ဖေး၏လက်ထဲ သူ့လက်ချောင်းများကို တစ်ချောင်းပြီးတစ်ချောင်း ထည့်လိုက်ကာ လိမ်ယှက်လိုက်သည်။
"ကိုယ်တို့နမ်းခဲ့တယ်" ယန်ရှောင်းမှာ အလွန်အမင်းပျော်ရွှင်နေလေသည်။ ကျေနပ်ပီတိမှုထက် သူ့တစ်ကိုယ်လုံးကနေ ရွှင်လန်းပျော်ရွှင်မှုတို့က ထိန်းချုပ်၍မရနိုင်လောက်အောင် ယိုဖိတ်နေပြီး နှုတ်ခမ်းထောင့်စွန်းများမှာလည်း အပေါ်သို့ အနည်းငယ်ကွေးတက်နေသည်။
"ယဲ့ဖေး" ထိတွေ့လျက်ရှိသည့် အရေပြား၏နွေးထွေးမှုကို ခံစားရင်းဖြင့် သူလေးလေးနက်နက် အသနားခံလိုက်သည်။ "မင်းပြန်ပြောင်းလာလို့ရမလား? အကယ်လို့ ဒီမှာမနေချင်ဘူးဆိုရင် ကိုယ်နေရာပြောင်းလိုက်မယ်. နေရာနဲ့ အလှဆင်တာကို မင်းစိတ်ကြိုက်ရွေးလိုက်"
သူထပ်ဖြည့်ပြော၏။ "မင်းကစားရတာကြိုက်တယ်မလား? အဲ့ဒါအတွက် ကိုယ်သင်ယူနေပြီ" သူသည် ယဲ့ဖေး၏မျက်လုံးများကိုကြည့်ရင်း အလေးပေးပြောသည်။ "ကိုယ်က သင်ယူတဲ့နေရာမှာ အရမ်းတော်တာ"
ရှေးဟောင်းအယူအဆ သို့မဟုတ် ရှေးရိုးစွဲစည်းမျဉ်းအရဆိုလျှင် အနမ်းတစ်ပွင့်၏ အဓိပ္ပာယ်မှာ ထိုသူတို့၏ဘဝတစ်ခုလုံးကို တံဆိပ်ခတ်လိုက်ခြင်းပင်ဖြစ်သည်။
ယဲ့ဖေးဘာမှမပြောလိုက်ပါ။ သူခေါင်းလှည့်လိုက်ကာ သူ့လက်ကို ဆွဲထုတ်ရန်ကြိုးစားလိုက်၏။ သို့ပေမယ့် ယန်ရှောင်း၏ခွန်အားမှာ အလွန်ကြီးပြီး တင်းတင်းကျပ်ကျပ် ဆုပ်ကိုင်ထားသဖြင့် သူ့လုံးဝ မလွတ်မြောက်နိုင်ခဲ့။
![](https://img.wattpad.com/cover/355915523-288-k600505.jpg)
YOU ARE READING
ငါကွာရှင်းချင်တယ် [ဘာသာပြန်]
RomanceIQ မြင့်ပြီး EQ နိမ့်သည့် Gong X ပြန်လည်မွေးဖွားလာသော Shou Name - I Just Want To Divorce / 我就想离个婚 Author - Lian Shuo / 连朔 Status in COO - 56 chapters + Extra (Completed) I DO NOT OWN ANYTHING. THIS IS JUST A FAN TRANSLATION. CREDIT TO ORIGINAL AUTHO...