[38]

2K 341 21
                                    

{Unicode}

ယန်ကော, နမ်းပါဦး

သူ့ဆေးလိပ်မှ လောင်ကျွမ်းပြီးသားပြာမှုန်များသည် ယန်ရှောင်း၏အရည်အသွေးမြင့်ဝတ်စုံပြည့်ပေါ် ကျသွားသည်။ ယဲ့ဖေးသည် တစ်ဝက်သာသောက်ရသေးသည့်ဆေးလိပ်၏ လောင်နေသည့်အစွန်းကို ပြတင်းပေါက်ဘောင်နှင့်ချေမွလိုက်ကာ ယန်ရှောင်းကို ဖျော့တော့စွာပြုံးပြလိုက်သည်။

"ငါ့အမေက အကြောသေရောဂါနဲ့ဆုံးသွားတာ. ကံဆိုးချင်တော့ ငါကလည်းအမွေဆက်ခံလိုက်ရတယ်လေ" သူ့မျက်လုံးများက စိတ်သက်သာရာရမှုကို လှစ်ဟပြသနေ၏။ "ဒီရောဂါကကုလို့မရဘူးဆိုတာ လူတိုင်းသိတယ်. ငါ့ရဲ့လက်ကျန်အချိန်တွေမှာ မင်းကိုမရှိစေချင်ဘူး. တကယ်ပြောတာ ယန်ရှောင်း, ငါ့... မှာ နှစ်နှစ်ပဲကျန်တော့တာ"

ယဲ့ဖေးသည် သူ့ဆေးလိပ်ကိုပြန်၍မီးညှိချင်ခဲ့သော်လည်း ယန်ရှောင်းက ဆေးလိပ်ကို သူ့လက်ထဲကယူဖို့ကြိုးစားခဲ့သည်အား အမှတ်ရပြီး မီးမညှိတော့ပေ။

"ငါမင်းကို အရင်ကပြောခဲ့သမျှအရာအားလုံးက ပေါက်ကရတွေ" ယဲ့ဖေးသည် ယခင်ကငြင်းဆန်မှုများကို ပြန်သတိရမိပြီး သူ့ကိုယ်သူလှောင်ရယ်လိုက်သည်။ "ကစားနိုင်တဲ့သူ, တက်ကြွတဲ့သူဆိုတာတွေက..."

ယဲ့ဖေး သူပြောချင်တာတွေအားလုံး ပြောခဲ့ပြီးပြီဖြစ်သည်၊ ထို့ကြောင့် သူ့ခံစားချက်အစစ်အမှန်ကို ဖုံးကွယ်ဖို့ရာလည်း မလိုအပ်တော့။

"ငါမင်းကိုဘဲသဘောကျတာ, တစ်ခြားဘယ်သူ့မှမဟုတ်ဘူး" ခလုတ်တစ်ခုခုကိုနှိပ်လိုက်သည့်အလား ကမ္ဘာကြီးတစ်ခုလုံး လုံးဝဥဿုံရပ်တန့်သွားခဲ့သည်။

ယန်ရှောင်း၏ဦးနှောက်တစ်ခုလုံး တဝီဝီမြည်နေပြီး လူကိုယ်တိုင်ကလည်း မူးဝေပြီးဒယိမ်းဒယိုင်ဖြစ်နေသည်၊ တစ်ခုခုပြောဖို့ သူပါးစပ်လိုက်သော်လည်း ဘာမှမထွက်လာခဲ့ပါ။

အကြာကြီးနေပြီးမှ သူမေးလာခဲ့သည်။ "ဘယ်တုန်းကသိတာလဲ? ဘယ်ဆေးရုံမှာလဲ?"

ယဲ့ဖေးသည် ပုဂ္ဂလိကဆေးရုံတစ်ခုကိုအမည်ကို ရွတ်လိုက်ပြီးနောက် သူ့ကိုပြောလိုက်၏။ "အခုထိတော့ စစ်ဆေးမှုရလဒ်ကကောင်းတယ်. ငါမင်းကို ဘယ်လိုပြောရမလဲတော့မသိပေမယ့် ငါဖြစ်မယ်ဆိုတာကိုတော့ အာမခံနိုင်တယ်. ငါဒီလိုကိစ္စမျိုးနဲ့ မစနောက်ဘူး"

ငါကွာရှင်းချင်တယ် [ဘာသာပြန်]Where stories live. Discover now