[34]

2.4K 357 8
                                    

{Unicode}

သို့သော်လည်း သူကျေနပ်ပါ၏

ချစ်သူများနေ့တွင် ယဲ့ဖေးက ယန်ရှောင်းကိုငြင်းဆိုလိုက်ပြီးတည်းက နှစ်ယောက်သား အဆက်အသွယ်ပြတ်သွားကြပြီး တစ်ယောက်နှင့်တစ်ယောက် လုံးဝထပ်ပြီး မတွေ့ဖြစ်ကြတော့ပေ။

ဒီတစ်ကြိမ်မှာတော့ ယန်ရှောင်း လုံးလုံးလျားလျား လက်လျှော့လိုက်သင့်ပြီဟု ယဲ့ဖေးထင်သည်။ ထို့ကြောင့် သူခဏတာမျှ စိတ်သက်သာရာရခဲ့သော်လည်း သိပ်မကြာခင် လွန်စွာစိတ်မချမ်းမသာမှုဖြင့် လွှမ်းမိုးခံလိုက်ရသည်။ သူ့လည်ချောင်းတစ်လျှောက် တစ်ဆို့နေပြီး ရင်ဘတ်ထဲတွင် ပြွတ်သိပ်နေသည့် ပူပင်သောကကြောင့် အသက်ရှုဖို့တောင် အနိုင်နိုင်ဖြစ်နေရသည်။

ယန်ရှောင်းက အရှေ့ကိုဘဲကြည့်ပြီး သူ့ထက်ပိုကောင်းပြီး ပိုကျန်းမာသည့် လူတစ်ယောက်ကိုရှာသင့်ကြောင်း ယဲ့ဖေး သူ့ကိုသူအသိပေးနေသည့်တိုင် သူ့ရင်ထဲက ခါးသီးမှုကို မထိန်းချုပ်နိုင်ခဲ့ပါ။ ကံကောင်းထောက်မလို့ သူ့တွင် အချိန်နှစ်နှစ်သာကျန်တော့သည်။ သူကံကောင်းခဲ့လျှင် ယန်ရှောင်းကို တစ်ခြားလူတစ်ယောက်နှင့်အတူ တွဲမြင်လိုက်ရမည်မဟုတ်ပေ။ သူ နောက်ထပ်နည်းနည်းလောက် သည်းခံဖို့သာ လိုအပ်သည်။

ယဲ့ဖေး Mailbox ကိုဖွင့်ပြီး အာရုံပြောင်းရန် တစ်ခုခုလုပ်ရန်ရှာချိန် တံခါးခေါက်သံတစ်ခုပေါ်လာသည်။ သူ အလျင်စလို မျက်နှာအမူအရာကိုပြင်လိုက်၏။

"ဝင်ခဲ့" မမျှော်လင့်ဘဲ ရောက်လာသူမှာ ကုရွေ့ကျားတစ်ယောက်တည်းမဟုတ်။ နောက်တစ်ယောက်မှာ သူ့နောက်လိုက်နေရာမှ အချိန်အကြာကြီးပျောက်သွားသည့် စွမ်းချုံးပင်ဖြစ်၏။ စွမ်းချုံးမှာ မြို့အရှေ့ပိုင်းရှိပရောဂျက်ကို လေလံဆွဲရန် သူ့အဖေဆီကနေ အမိန့်ပေးခံထားရသဖြင့် အုပ်စုစကားပြောခန်းထဲပင် မပေါ်လာနိုင်အောင် အလုပ်ရှုပ်နေခဲ့သည်။

"ဘယ်လေတိုက်လို့ ရောက်လာတာလဲ?" ယဲ့ဖေး ခြေထောက်မြှောက်လိုက်ကာ ထိုင်ခုံတစ်ခုအားကန်ပြီး သူ့ဖက်ပို့ပေးလိုက်သည်။

စွမ်းချုံးကမဖြေလာ။ ထိုအစား သူက ယဲ့ဖေးကို အပေါ်အောက်တစ်ချက်ကြည့်ပြီးဆိုသည်။ "မင်း... မင်းပိန်သွားတာကြောင့်ဘဲလား ဒါမှမဟုတ် တစ်ခြားတစ်ခုခုကြောင့်ဘဲလား? ခန့်ညားလာတယ်"

ငါကွာရှင်းချင်တယ် [ဘာသာပြန်]Where stories live. Discover now