[17]

2.8K 454 16
                                    

{Unicode}

ယန်ကော, ပခုံးလေးငှားပါဦး

"ဒါက ဥက္ကဌယန်ရဲ့ နောက်ဆုံးပေါ်နှုတ်ဆက်တဲ့နည်းလား?" ယဲ့ဖေးသည် အင်္ကျီကော်လာကိုပြန်‌့စေရင်းဆိုလိုက်သည်။ ယန်ရှောင်းကတော့ မည်မျှမဖြေလာပါ။ ဘာအမှားမှမကျူးလွန်ထားသလိုမျိုးဖြင့် ကျောကိုဖြောင့်အောင်ထားလိုက်ပေမယ့်လည်း သူသည် ယဲ့ဖေး၏မျက်လုံးများကို မကြည့်ဝံ့ပေ။

ယဲ့ဖေး တစ်ခုခုပြောချင်သေးပေမယ့် ကုရွေ့ကျားက ခုံတစ်ခုံဆွဲထုတ်လာပြီး အနားရောက်လာသည်။ ကုရွေ့ကျားသည် သူ့ဘေးနားရှိအသားတုံးလေးကို နေရာဖယ်ခိုင်းပြီး အစတည်းကလူကျပ်နေသည့်ကြားထဲတွင် ယန်ရှောင်းအတွက် နေရာလုပ်ပေး၍ နှုတ်ဆက်လာ၏။ "ယန်ကော, ထိုင်ပြီးမှပြောပါ"

ထို့နောက် သူသည် ယန်ရှောင်းကို လတ်လတ်ဆတ်ဆတ်အသားတုံးလေးများထံ မိတ်ဆက်ပေးလိုက်သည်။ "သူက ဥက္ကဌယဲ့ရဲ့မိသားစုဝင်ပဲ. မင်းတို့သူ့ကို ဥက္ကဌယန်လို့ခေါ်လို့ရတယ်" သို့သော် မည်သူမည်ဝါဖြစ်ကြောင်း အထောက်အထားကိုတော့ သူထုတ်မပြောလိုက်ပေ။

ကုရွေ့ကျားတွင် ဂရုမစိုက်၊အလေးမထားသည့် ပင်ကိုစရိုက်ရှိသော်လည်းဘဲ အဆုံးသတ်တွင် သူသည် ဤရုပ်ရှင်လောကအသိုင်းအဝိုင်းထဲကဖြစ်၍ ကိစ္စအမြောက်အမြားကိုမြင်ဖူးပါသည်။ ဖေးရှောင်းနည်းပညာဟူသော အမည်ထွက်လာသည်နှင့်တပြိုင်နက် ယန်ရှောင်းမှာ အသက်ခုနစ်ဆယ် သို့မဟုတ်ရှစ်ဆယ်ပင်ဖြစ်နေပါစေ အပြေးအလွှားရောက်လာမည့်သူရှိနေပေလိမ့်မည်။

ထို့အပြင် ယန်ရှောင်းသည် ငယ်ရွယ်သေးရုံသာမက အံ့ဩဖွယ်ကောင်းသောမျက်နှာလေးပါရှိနေ၍ ကုရွေ့ကျားသည် ပို၍ပင်သတိပြုဂရုစိုက်ရန် လိုအပ်သည်။ ယန်ရှောင်းသည် မည်သည့်အခါမှ လူသိရှင်ကြားအင်တာဗျူးမလုပ်ဖူးသည့်အပြင် အင်တာပေါ်တွင်လည်း သူ၏အစောပိုင်းနှစ်ကာလများက ဓာတ်ပုံအချို့သာရှိသည်။

သို့ဖြစ်၍ အသားတုံးလေးများက သူ့ကိုမမှတ်မိပေ။ သို့သော် ၎င်းတို့၏ဘော့စ်ကပင် ဥက္ကဌယန်ဟုအမည်တပ်သဖြင့် ကုမ္ပဏီကြီးတစ်ခုခု၏ အရေးပါသည့်ပုဂ္ဂိုလ်တစ်‌ယောက်ဖြစ်နိုင်သည်ဟု သူတို့ယူဆလိုက်၏။

ငါကွာရှင်းချင်တယ် [ဘာသာပြန်]Where stories live. Discover now