[41]

2K 335 11
                                    

{Unicode}

ငါမင်းကိုလွမ်းလို့

"အဲ့ဒီသုန်မှုန်နေတဲ့မျက်နှာကဘာဖြစ်တာလဲ, ငါ့ကိုမကြိုဆိုဘူးလား?" ယဲ့ဖေး မျက်ခုံးပင့်လိုက်ပြီး နတ်ဆိုးဆန်ဆန်ပြုံးလိုက်သည်။ "ဒါဆိုလည်းပြန်တော့မယ်"

သူပြောပြီးနောက် ကိုယ်ကိုလှည့်လိုက်ကာ ချက်ချင်းပြန်တော့မလိုပုံယောင်ဆောင်လိုက်သည်။

ယန်ရှောင်းက သူ့နားသို့လွှားခနဲရောက်လာကာ သူ့လက်ကောက်ဝတ်ကိုဆွဲကိုင်ပြီး စိတ်လှုပ်ရှားစွာ "ဟင့်အင်း" ဟုဆိုသည်။ ထို့နောက် ယဲ့ဖေးကို ရုံးခန်းအတွင်းသို့ဆွဲသွင်းပြီး တံခါးကိုတင်းတင်းပိတ်လိုက်သည်။

ယဲ့ဖေးသည် ယန်ရှောင်းဆွဲခေါ်ရာနောက်လိုက်သွားရင်း ယန်ရှောင်းပုံမှန်အလုပ်လုပ်လေ့ရှိသောနေရာကို ခေါင်းလှည့်ကြည့်ကာ အမွှမ်းတင်လိုက်သည်။ "ဒီနေရာက တော်တော်လေးကောင်းတာပဲ"

နေရာမှာ အတော်လေးကျယ်ဝန်းပြီး သဘာဝအလင်းရောင်ဖြင့်လင်းထိန်နေကာ ကြမ်းပြင်မှမျက်နှာကြက်အထိမြင့်မားသော ပြတင်းပေါက်အကြီးကြီးတစ်ချပ်လည်းရှိ၏။ ပြတင်းပေါက်အပြင်ဖက်ကိုကြည့်လိုက်ပါက မြို့၏အထပ်မြင့်အဆောက်အအုံများနှင့် မိုးပြာရောင်ပင်လယ်ကြီးကို မြင်တွေ့နိုင်သည်။ ရုံးခန်းဒီဇိုင်းမှာ အလွန်ရိုးရှင်းသော်လည်း ဒီဇိိုင်နာ၏အားထုတ်မှုကိုတွေ့မြင်နိုင်သည်။

စိတ်ဝင်တစားဖြစ်နေသည့် ယဲ့ဖေးက ဆိုဖာပေါ်ထိုင်ချလိုက်ပြီးနောက် သက်ပြင်းချသည်။ "မင်းနဲ့ယှဉ်ရင် ငါရုံးခန်းက အလုပ်ရုံရဲ့နောက်ဖေးနဲ့တောင်တူတယ်. ကုမ္ပဏီရဲ့အဆောက်အအုံသစ်အတွက် ဒီဇိုင်းကိုဆုံးဖြတ်လိုက်ပြီလား? ဒီပုံစံနဲ့ဘဲဆက်သွားမှာလား?"

ယန်ရှောင်းက မဖြေပေ။

"ဘာဖြစ်လို့လဲ? မင်းစိတ်မကြည်ဘူးလား..." သူပြောနေသည့်စာကြောင်းအဆုံးမသတ်ခင် သူ့နှုတ်ခမ်းများမှာပိတ်ဆို့ခံလိုက်ရသည်။ ယန်ရှောင်းသည် သူ့လက်များဖြင့် ယဲ့ဖေး၏လည်ပင်းနှင့်ခေါင်းနောက်ဖက်ကို ထိန်းကိုင်ကာ သူ့မျက်နှာကိုအပေါ်သို့မော့စေသည်။ ထို့နောက် သူ့ကိုဆိုဖာပေါ်ဖိကပ်ရင်း အားနှင့်မာန်နှင့်နမ်းသည်။

ငါကွာရှင်းချင်တယ် [ဘာသာပြန်]Where stories live. Discover now