[23]

2.9K 434 17
                                    

{Unicode}

အနာဂတ်မှာ ကောင်းကောင်းအိပ်ပြီး ကောင်းကောင်းစားရမယ်နော်

ယဲ့ဖေး၏အတွင်းရေးမှူးမှာ အလွန်ကျွမ်းကျင်သူဖြစ်သည်၊ ထိုညမှာတင် အဆင့်မြင့်ပုဂ္ဂလိကဆေးရုံတွင် အာရုံကြောဆိုင်ရာစစ်ဆေးမှုပြုလုပ်ရန် ချိန်းဆိုထားသည့် Screenshot ကိုပို့လာခဲ့သည်။ ကြွက်သားရှိ အသားစကိုယူ၍ဆေးစစ်ရာတွင် ထုံဆေးလိုအပ်ပြီး တစ်နေကုန်ကြာသောကြောင့် သုံးရက်အကြာတွင် စမ်းသပ်ရန်စီစဉ်ထားသည်။

ယဲ့ဖေး မည်သူကိုမျှမပြောပြပါ။

ထိုနေ့တွင် သူသည် ကိစ္စဝိစ္စများကို စောစောစီးစီး ကြိုတင်စီစဉ်လိုက်ပြီးနောက် တစ်ယောက်တည်းဆေးရုံသို့မောင်းသွားလိုက်သည်။

ရေဒီယိုမှ တိုင်ဖွန်းမုန်တိုင်းသတိပေးချက်များနှင့် အများပြည်သူများကို သတိထားကြရန်နှင့်အပြင်မထွက်ကြရန် လောဆော်နေပြီး ရာသီဥတုမှာလည်း အုံ့မှိုင်းနေသည်။ ယဲ့ဖေးသည် သတိပေးချက်ကိုကြားသော်လည်း အရေးမစိုက်ဘဲ မီးပွိုင့်မီးနီနေချိန်ကိုအခွင့်ကောင်းယူကာ သူ့ Wechat ကိုကြည့်လိုက်သည်။ သူ့လက်ချောင်းများတွင်လည်း ကိုယ်ပိုင်အသိစိတ်ရှိဟန်ပေါ်၏၊ ယန်ရှောင်းနှင့် စကားပြောခန်းကို သတိမမူမိဘဲ နှိပ်လိုက်မိသည်။

သူနှင့်ယန်ရှောင်းကြားဝယ် များစွာပြောဆိုထားခြင်းမရှိပါ။ အများအားဖြင့် တစ်ခုခုဖြစ်သည့်အခါမျိုးတွင် သူတိုက်ရိုက်သာဖုန်းခေါ်လိုက်သည်။ အပေါ်သို့ အတော်အတန်ဆွဲကြည့်လိုက်ပါက ယန်ရှောင်းပို့ထားသော ထိပ်ပြောင်ခြင်းဆိုင်ရာသတိပေးချက်ကြီးကို မြင်ရမည်ဖြစ်၏။

ထိုအချိန်တုန်းကတော့ ယဲ့ဖေး ဒေါသထွက်ခဲ့ပေမယ့်လည်း အခုတော့ သူရယ်စရာကောင်းသည်ဟုလို့သာမြင်သည်။ နောက်တစ်ကြိမ် သူ့လက်ချောင်းများက ဖုန်းကိုနှိပ်နေပြီး ငန်းဖြူကြီးတစ်ကောင်က သူ့တင်ပါးများကို လုပ်လီလုပ်လဲ့ဖြင့် ရှေ့သို့လျှောက်နေသည့် စတစ်ကာတစ်ခုကိုပို့လိုက်သည်။ ယင်းကို ကုရွေ့ကျားထံမှရရှိထားတာဖြစ်သည်။

ပို့ပြီးသော် မီးပွိုင့်ပြန်စိမ်းသွား၍ သူဖုန်းကိုချလိုက်ပြီး ဆက်မောင်းလိုက်သည်။ သူဆေးရုံကိုရောက်သွားသောအခါ ယန်ရှောင်းသည် သူ့ကိုမက်ဆေ့ခ်ျများ ဒလဟောပြုံ၍ပို့ထားပြီးဖြစ်သည်။ ယဲ့ဖေး နောက်တစ်ခေါက် စကားပြောခန်းကိုနှိပ်လိုက်ပြီး မက်ဆေ့ခ်ျများကို တစ်ခုချင်းစီဖတ်လိုက်သည်။

ငါကွာရှင်းချင်တယ် [ဘာသာပြန်]Where stories live. Discover now