[5]

4.8K 629 40
                                    

{Unicode}

ကိုယ်မူးနေတဲ့လူနဲ့ စကားမပြောချင်ဘူး

"ကွာရှင်းရအောင်" ယဲ့ဖေးက ဆိုဖာပေါ်မှီချလိုက်ပြီး လွယ်ကူသည့်ကိစ္စတစ်ခု ဖြစ်နေသလိုမျိုး ပြောလာသည်။ "တောင်းပန်ပါတယ်, အရင်ကပြောထားတာကို မဖြည့်ဆည်းပေးနိုင်တော့ဘူး. တောင်းဆိုချက်တစ်ခုခုရှိရင်ပြောလိုက်, အလျော်ပေးဖို့အတွက် အတတ်နိုင်ဆုံးလုပ်ပေးမယ်"

ဧည့်ခန်းသည် ရှည်ကြာသော တိတ်ဆိတ်မှုတစ်ခုအတွင်း ကျရောက်သွားသည်။

ယန်ရှောင်းမှာ လှုပ်ရှားမှုကင်းမဲ့တဲ့ သူ၏မူလထိုင်နေဟန်ကို ထိန်းထားပေမယ့် တစ်ကိုယ်လုံးမှာ ပန်းပုရုပ်တစ်ခုအလား အေးခဲနေ၏။

ယဲ့ဖေး သူ့ကိုမတိုက်တွန်းဘဲ စကားလုံးများကို‌ သေချာနားလည်စေရန် တွေးတွေးဆဆဖြင့် အချိန်အချို့ပေးလိုက်သည်။

"ဘာလို့လဲ" ခဏအကြာတွင် သူမေးသည်။ "ကိုယ်မင်းကို ဝမ်းနည်းအောင်လုပ်ခဲ့တာများ ရှိလို့လား?"

"မဟုတ်ဘူး," ယဲ့ဖေး အံ့အားသင့်သွားရင်း ရယ်သည်။ "အဲ့လိုမျိုးမဟုတ်ပါဘူး, ငါ့ရဲ့ ကိုယ်ပိုင်ပြဿနာကြောင့်ပါ"

ယန်ရှောင်းမှာ ချက်ချင်းမေးလာ၏။ "ဘာပြဿနာလဲ?"

"ငါဒါကိုထပ်မလုပ်ချင်တော့ဘူး" ယဲ့ဖေး ကော်ဖီစားပွဲပေါ်က ဘီယာဘူးကိုယူ၍ တစ်ငုံသောက်ကာ သူ့ကိုယ်သူရယ်မောရင်း ပြောလာသည်။ "ဒါကြီးကို နည်းနည်းပျင်းလာပြီ"

သူ့ဘဝတစ်ခုလုံးလုံး ယဲ့မိသားစုအတွက် သူအလုပ်လုပ်ပေးခဲ့သည်။ သူကိုယ်တိုင်၏ လက်ထပ်ပွဲနှင့်လွတ်လပ်မှုကိုပင် စတေးခဲ့ပေမယ့် အဆုံးသတ်တွင် ဘာမျှမပြောင်းလဲခဲ့ပေ။ ဒုတိယအခွင့်အရေးရပြီးနောက်တွင်တော့ သူ့အတွက်သာသူ အသက်ရှင်ချင်တော့သည်။

တောက်ပနေသော အလင်းရောင်သည် မျက်နှာကြက်မှနေ၍ ချောမွတ်သောကြမ်းပြင်အထိ လွှမ်းခြုံထားကာ ဖျော့‌တော့သော ဖြူဖွေးဖွေးရောင်ခြည်တစ်မျိုးကို ဖန်တီးနေသည်။ ၎င်းသည် ယန်ရှောင်းမျက်လုံးများအား ဖောင်းမို့စေပြီး နာကျင်စေသည်။

ငါကွာရှင်းချင်တယ် [ဘာသာပြန်]Where stories live. Discover now