[42]

2.5K 381 16
                                    

{Unicode}

ကိုယ်ဘာလို့သူမကိုသတိထားမိရမှာလဲ?

ယဲ့ဖေးသည် ယန်ရှောင်း၊ ချန်းမင်ဟောင်တို့နှင့်အတူ အပေါ်ပြန်သွားနေချိန်တွင် အဖေယဲ့၏ဖုန်းဝင်လာခဲ့သည်။

"စကားမစပ်, ဖေးကော" ချန်းမင်ဟောင်က သွားရမည့်အထပ်ကိုနှိပ်ပြီး ယဲ့ဖေးဖက်သို့လှည့်၍မေးသည်။ "ဖေးရှောင်းရဲ့ ခုနစ်နှစ်ပြည့်နှစ်ပတ်လည်ကိုဆင်နွှဲမှာလား?"

ယဲ့ဖေး မှင်တက်နေ၏။ ယန်ရှောင်းက သူ့ကို ထိုအကြောင်းမပြောဖူးသလို သူကိုယ်တိုင်ကလည်း ဖေးရှောင်းကိုတည်ထောင်သည့်ရက်စွဲအား မသိပေ။

"ဘယ်တော့လဲ?"

"ဆယ့်ခုနစ်ရက်နေ့" ချန်းမင်ဟောင်သည် ယန်ရှောင်းကို မျက်လုံးတစ်ဖက်မှိတ်ပြလိုက်ပြီးနောက် စိတ်အားထက်သန်စွာ တိုက်တွန်းလိုက်သည်။ "ကျွန်တော့်တို့ကုမ္ပဏီရဲ့အခမ်းအနားက အတော်လေးပျော်ဖို့ကောင်းတယ်, လာသင့်တယ်နော်"

ယဲ့ဖေး သူ့လက်ကိုဆန့်ထုတ်ကာ ယန်ရှောင်းကိုသွားတို့လိုက်သည်။ "တကယ်လား?"

ယန်ရှောင်းက ထိုအနေအထားကိုအခွင့်ကောင်းယူကာ သူ့လက်ကိုဆွဲကိုင်၍ သူ့လက်ဖဝါးထဲထည့်ကာ ဆုပ်ကိုင်ထားလေသည်။ သူက သဘောတူညီခြင်းမရှိသလို ငြင်းဆိုခြင်းမပြုဘဲ ဆို၏။ "စတိတ်စင်ကိုမျက်နှာမူပြီး မြင်ကွင်းကောင်းတဲ့ VIP စားပွဲမှာ မင်းအတွက်နေရာသီးသန့်ဖယ်ခိုင်းထားလိုက်မယ်. စည်ကားပြီး မြူးမြူးကြွရှိတာမို့ မင်းသဘောကျလိမ့်မယ်"

"ငါသွားမယ်လို့ပြောမိလို့လား?" ယဲ့ဖေး မျက်ခုံးပင့်ပြလိုက်သည်။

ယန်ရှောင်း စကားပြောနေတာရပ်သွား၏။ ထိုအစား သူက အမူအရာမဲ့သောမျက်နှာဖြင့် ယဲ့ဖေးကိုငုံ့ကြည့်လာပြီး သူ့မျက်လုံးများက တိတ်တဆိတ်မျှော်လင့်ချက်ဖြင့် ရွှန်းလက်တောက်ပနေခဲ့သည်။ ယဲ့ဖေးသည် ထိုခွေးပေါက်လေးအကြည့်အား သုံးစက္ကန့်သာတောင့်ခံနိုင်ခဲ့ပြီး အဆုံးသတ်တွင် အရှုံးပေးလိုက်သည်။

"ကောင်းပြီ, ငါ့အလုပ်တွေကို ကြိုပြီးစီစဉ်ထားလိုက်မယ်"

ငါကွာရှင်းချင်တယ် [ဘာသာပြန်]Where stories live. Discover now